ဇာတ်ကားများ ရွေးရန်

Brocade Odyssey

2024ဇာတ်လမ်းတွဲအမှတ် 7.0/10

ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ မင်းသမီးချောလေး Tan Song Yun နဲ့ မင်းသားချောလေး Zheng Ye Cheng တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ Brocade Odyssey” ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပရိသတ်ကြီးတို့အတွက် ဘာသာပြန်တင်ဆက်ပေးချင်ပါတယ်ရှင့်~ ဇာတ်လမ်းအကျဉ်းလေးကတော့ ထန်ခေတ်နှောင်းပိုင်းမှာ ပိုးထည်တွေက အရမ်းကိုနာမည်ကြီးရေပန်းစားခဲ့ပါတယ်။ ယိကျိုးမှာရှိတဲ့ ဟွမ့်ဟွားဆေးဆိုးရုံက သခင်မလေး ကျိယင်းယင်းနဲ့ ကြီးမားတဲ့ပိုးထည်လုပ်ငန်းမိသားစုရဲ့သားဖြစ်သူ ကျောက်ရှို့ယွမ်တို့ဟာ ငယ်ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိသားစုရဲ့ဖိအားပေးမှုကြောင့် ကျောက်ရှို့ယွမ်ဟာ မင်းမှုထမ်းမိသားစုဖြစ်တဲ့ နျိုအိမ်တော်က သမီးဖြစ်သူ နျိုဝူနျန်နဲ့ပဲလက်ဆက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျိယင်းယင်းဟာ ကျင်ဝမ်ယန်မိသားစုရဲ့တတိယသားဖြစ်သူ ယန်ကျင်ယွမ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ယန်ကျင်ယွမ်ကတော့ ကျိယင်းယင်းကို မြင်မြင်ချင်းချစ်မိသွားပေမဲ့ ကျိယင်းယင်းကတော့ သူ့ကိုစိတ်တိုင်းမကျခဲ့ပါဘူး။ သူတို့နှစ်ယောက် မကြာခဏတွေ့ဆုံရင်းနှီးခဲ့ရာကနေ မိတ်ဆွေသူငယ်ချင်းဖြစ်လာပြီး ခံစားချက်တွေလည်းနွေးထွေးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ နန်ကျောက်တိုင်းပြည်ရဲ့မင်းသားဟာ ယိကျိုးကို အလည်လာရင် ကျိယင်းယင်းရဲ့ဆေးဆိုးပညာကို သဘောကျတဲ့အတွက် ဆေးဆိုးနည်းကို ခိုးယူဖို့ကြံစည်တဲ့အခါမှာတော့....ကျိယင်းယင်းနဲ့ ယန်ကျင်ယွမ်တို့ရဲ့အချစ်လမ်းခရီးလေးမှာ ဘယ်လိုပြဿနာတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကိုတော့ အတူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်~ Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Romance, Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Shu Thin Thinzar Encoded by LK

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း