ဇာတ်ကားများ ရွေးရန်

Light Shop

2024ဇာတ်လမ်းတွဲ

Light Shop (2024) အမှောင်ထုကြီးစိုးရာ လမ်းကြားလေးတစ်ခုထဲက ရှေးဟောင်းမီးဆိုင်းတွေ၊ မီးလုံးတွေကို ရောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် မီးဆိုင်လေးတစ်ဆိုင်။ ဆိုင်ပိုင်ရှင်ဟာလည်း ထူးဆန်းသလို လာရောက်ကြတဲ့ ဧည့်သည်တွေဟာလည်း သာမန်မဟုတ်ပါဘူး။ ဆိုးရွားတဲ့အတိတ်ကြောင့် ပစ္စုပန်မှာ ခက်ခဲပင်ပန်းနေတဲ့ လူတွေဟာ နိစ္စဓူဝဘဝမှာ ရှင်သန်ရင်း ထူးဆန်းစွာနဲ့ပဲ ဒီမီးဆိုင်ဆီကို ရောက်လာခဲ့ကြတယ်။ သေခြင်းတရားနဲ့ ရှင်ခြင်းတရား စပ်ကြားမှာရှိတဲ့ ဒီနေရာကို မျက်စိမှောက် လမ်းမှားလာကြတဲ့သူတွေဟာ အလင်းကို ရှာနေကြသူများလို့ပြောရင် မမှားဘူးပေါ့။ မျက်မှန်နက်ကြီးတစ်လက်နဲ့ မီးဆိုင်ကိုစောင့်ကြပ်တဲ့ ဆိုင်ပိုင်ရှင်ကရော ဒီလူသားတွေ ရှာဖွေနေတဲ့ အဖြေကို ပေးနိုင်ပါ့မလား..။ ဒီထူးဆန်းလှတဲ့ မီးဆိုင်ကို သူကရော ဘယ်လိုရောက်လာတာလဲ...။ Along with the Gods, Kingdom စတဲ့ နာမည်ကြီး fantasy ကားတွေအပါအဝင် ယခုထွက်ရှိနေတဲ့ အချစ်ဟာသကားလေး Love Your Enemy မှာ ပါဝင်ထားတဲ့ မင်းသားကြီး ဂျူဂျီဟွန်းနဲ့ Strong Woman Do Bong Soon, Oh My Ghost စတဲ့ သဘာဝလွန် ဇာတ်လမ်းတွေရဲ့ ချစ်စရာမင်းသမီး ဘတ်ဘိုယောင်းတို့ ခေါင်းဆောင်ပါဝင်ထားတဲ့အပြင် Moving ရုပ်ရှင် ဖန်တီးသူများရဲ့ လက်ရာသစ်ဖြစ်တာမို့ ဒီဇာတ်လမ်းဟာ ပြောစရာမလိုလောက်အောင် မိမိုက်နေမယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကိုတော့  Esth မှ ရေးသား‌ထားပါတယ်။) Aired: Dec 4, 2024 - Dec 18, 2024 Aired On: Wednesday Genres: Thriller, Mystery, Horror, Supernatural Episodes: 8 Original Network: Disney+ Translated by Shwe Pyae, Thinn, Hsu Pyae, Su Sandi & Treasure Htet Encoded by Tiff

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း