Senna
( Season 1 ) - အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး - ကားဆိုပြိုင်ကားမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် ရှယ်ကြည့်လို့ကောင်းစေမဲ့ Formula One ပြိုင်ကားတွေနဲ့ ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် Mini Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Series နာမည်ကတော့ Senna ဖြစ်ပြီး လက်ရှိ IMDb Rating 8.6 အထိတောင်ရရှိထားတာဖြစ်ပါတယ်။ ဒီ Series လေးကဘယ်သူ့အပေါ်မှာအခြေခံပြီးရိုက်ကူးထားတာလည်း ဆိုရင်တော့ အိုင်ယာတွန်ဆန်နာဒီဆေးလ်ဗားဆိုတဲ့ Formula One ချန်ပီယံရှစ်ကို ၃ ထပ်ကွမ်းရရှိခဲ့တဲ့ဂန္တဝင် ဘရာဇီးပြိုင်ကားသမားကြီး အပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်။ ဒီ Series မှာဆိုရင်တော့သူ့ကိုကလေးဘ၀ကတည်းက အဖေ့ခြေရာ နင်းပြီး ပြိုင်ကားလောကကိုအရမ်းစိတ်ဝင်စားလာခဲ့တဲ့ ကောင်လေး တစ်ယောက်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီး သူ့သွေးထဲမှာလည်းပြိုင်ကား မောင်းတဲ့သွေးတွေအပြည့်စီးဆင်းနေခဲ့ပါတယ်။ ဒီလိုနဲ့အရွယ်နည်းနည်းရောက်လာတဲ့အခါမှာ Mario-Kart ထဲကလို ပြိုင်ကားသေးသေးလေးတွေကိုစမောင်းခဲ့ပြီး ပြိုင်ပွဲတွေမှာတခြား ကလေးတွေကိုအမြဲတမ်းကျော်တက်ပြီး ပထမနေရာကိုသိမ်းနေကျ ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာလည်းပြိုင်ပွဲတွေဆက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကိုထုတ်ဖော်ပြသဖို့သူငယ်ချင်းကအကြံပေးလာတဲ့ အခါမှာတော့ အင်္ဂလန်မှာကျင်းပတဲ့ Formula Ford ဆိုတဲ့ Formula One ကိုဝင်ပြိုင်ဖို့လမ်းစတစ်ခုကိုရွေးချယ်ဖြစ်ခဲ့ပါတော့တယ်။ မိဘဖြစ်သူနဲ့မိန်းမကို Formula Ford တစ်ရာသီပြီးရင် ဘရာဇီး ပြန်လာမယ်လို့ကတိပေးခဲ့တဲ့အတိုင်းပြန်လာခဲ့ပေမဲ့ သူ့ရဲ့အရည်အချင်း တွေကိုအပြည့်အ၀ပြသခဲ့တဲ့ Formula Ford ချန်ပီယံဆိုတဲ့နေရာကြောင့် ပိုမြင့်တဲ့ Formula 2000 မှာဝင်ပြိုင်ဖို့အပြင် Formula One ကို ဝင်ပြိုင်ဖို့အိပ်မက်ကလည်းလမ်းစပေါ်လာခဲ့တဲ့အတွက်ချက်ချင်း ပြန်လာခဲ့ပြီးနောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Formula One မှာချန်ပီယံ ဖြစ်ဖို့ကြိုးစားပုံတွေကို အခက်အခဲပေါင်းစုံ အနိမ့်အမြင့်မျိုးစုံနဲ့ ပြိုင်ကားချစ်သူတွေအတွက် စိတ်ဝင်စားစရာကြည့်ရှုရမဲ့ Mini Series လေးပဲဖြစ်ပါတယ်။ File Size – 1.03 GB / 561 MB Quality –WEB-DL 1080p HEVC , 720p Episodes - 6 Eps Duration - 1 h Subtitle – Myanmar Hardsub Format – mkv / mp4 Genre : Biogrphy , Drama , Sport Translator – Saw Lay , Austin Encoder – Min Wai
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း