Blossom
မြင့်မြတ်သောအနွယ်ဝင်ဘဝအဖြစ် တစ်ဖန်မွေးဖွားခြင်း ( Jiu Chong Zi) ဆိုတဲ့ ဇာတ်လမ်းလေးက စာရေးသူ ကျစ်ကျစ်ရဲ့ ဝတ္ထုဖြစ်ပြီ မူရင်းဝတ္ထု အပိုင်း ၅၀၀ ကျော်ရှိပြီး တစ်ဖန်ပြန်လည်မွေးဖွားခြင်း၊ လက်စားချေခြင်း၊ အိမ်ထောင်ပြုပြီးမှ ချစ်ကြိုက်ခြင်း၊ နိုင်ငံရေး၊ အမှုမှန်စုံစမ်းခြင်း စတဲ့ အမျိုးအစားတွေအောက်မှာ ထိပ်တန်းစာရင်းဝင်ခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပေါ့.... ဇာတ်လမ်းတွဲအဖြစ်ပြောင်းလဲပြန်တော့လည်း ဒါဟာ အမိုက်စားအခိုက်တန့်လေးတွေကို အမိအရရိုက်ကူးတတ်တဲ့ Mini Drama၊ Web Drama တို့ရိုက်ကူးနေကြ Zeng Qing Jie ဒါရိုက်တာကြီးရဲ့ ပွဲဦးထွက် ဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်... Love Like the Galax (2022)မှာ ယွမ်ရှန်းကျန့် အဖြစ်နဲ့ ပျိုမေတို့ နှလုံးသားကို ဆွတ်ခူးသွားတဲ့ Li Yun Rui နဲ့ The Untamed (2019)ထဲက ဝမ်ချင်းအဖြစ် သရုပ်ဆောင်ပြီး အားလုံးအမှတ်ရစေခဲ့တဲ့ Meng Zi Yi တို့နှစ်ယောက် Parallel World (2023) မှာ အတူသရုပ်ဆောင်ခဲ့ပြီး Hello, Saturday 2023 ရှိုးက moment တွေကြောင့် ဖန်တွေက လိုက်ဖက်တယ်လို့ ပြောလာရာကနေ ကျောင်းကျောင်းမော့မော့ စုံတွဲလေးအဖြစ် အသက်ဝင်လာခဲ့တာပါ... သူတို့နှစ်ယောက် ရေစက်ကတော့... Parallel World (2023)က အစပြုပြီး---> Hello, Saturday 2023 (2023)---> Jiu Chong Zi ရိုက်ကူးရေးကနေ--> စုံတွဲ OST--> The Detectives' Adventures Season 4 (2024) ရှိုး --> Keep Running: The Ancient Tea-Horse Road (2024)-->Hello, Saturday 2024 (2024)---> ဒီလိုသွားခဲ့တာ မနေ့က Meng Zi Yi မွေးနေ့အထိပါပဲ... ( မသိဘဲ လွတ်သွားတာလည်း ရှိကောင်းရှိနိုင်ပါသေးတယ်) ဒီနေ့ညလည်း အတူ live လွှင့်ဦးမှာပါတဲ့... ဖုန်းကာဗာလည်းဆင်တူ... ဖုန်းနောက်ခံပုံကလည်း အပြန်အလှန်ထားထားတဲ့အပြင် ဆင်တူ chibi couple profile လေးနဲ့ အကြီးကြီး ချစ်ပြနေတဲ့ ကျောင်းကျောင်းမော့မော့စုံတွဲလေးမို့ ပေါက်စီတစ်မြေလုံးကိုကျော်ပြီး ထိုင်းနဲ့ တောင်ကိုရီးယားမှာပါ ရေပန်းစားနေတဲ့ စုံတွဲလေးပေါ့... (အတည်တွဲမတွဲတော့ မသိပါဘူးရှန်) ဒီကားက The Princess Royal (2024) လိုပဲ မင်းသားရော မင်းသမီးပါ အတူတစ်ဖန်ပြန်မွေးဖွားလာတဲ့ ဇာတ်အိမ်မျိုးပါပဲ... ဇာတ်လိုက်မင်းသမီး သုံ့ကျောင်းဟာဆို ငယ်ရွှယ်စဉ်မှာ သူ့ကိုကာကွယ်ပေးမယ့် မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိထွေးကိုပဲ အလေးပေးတဲ့ သူ့ဂရုမစိုက်တဲ့ အဖေနဲ့... အမွေတွေလုယူဖို့ အကြံနဲ့ အဖက်ဖက်က သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မိထွေးရဲ့တိုက်ခိုက်မှုတွေ... အမျိုးသမီးဖြစ်တာကြောင့် အချိန်တန် ယောက်ျားကောင်းရှာယူရမယ်ဆိုတဲ့ အတွေးနဲ့ရှင်သန်တဲ့ ခေတ်ကာလဖြစ်လို့ သုံ့ကျောင်းတစ်ယောက်လည်း မိဘတွေစီမံပေးတဲ့ သူနဲ့ အိမ်ထောင်ပြုခဲ့ပေမယ့် ပြန်ရခဲ့တာက ဖောက်ပြန်မှု၊ သစ္စာမဲ့မှု... ဒါကြောင့်လည်း သံယောဇဉ်ဖြတ်ပြီး အဝေးကို ထွက်သွားဖို့ ကြိုးစားခဲ့ရာကနေ... သူ့လိုပဲ မိသားစုကံမကောင်းတဲ့ စု့န်မော့နဲ့ တွေ့ခဲ့တယ်... စုန့်မော့ကလည်း သူ့လိုပဲ မြင့်မြတ်တဲ့ အနွယ်ဝင်ဆိုပေမယ့်လည်း... ဘက်လိုက်လွန်းတဲ့ မိသားစုအောက်မှာ ကြီးပြင်းခဲ့တာကြောင့် အဖေနဲ့ ညီကိုသတ်သူဆိုတဲ့ နာမည်ဆိုးကြီးအောက်မှာ ရှင်သန်နေခဲ့ရတယ်... ဒီနှစ်ဦး ဆုံပြီး တစ်နေ့တည်း တစ်ချိန်တည်းမှာ သေပြီးနောက်မှာတော့... ငယ်ဘဝကို ပြန်ရောက်သွားခဲ့တယ်... စုန့်မော့ရဲ့ တကယ့်ဆက်ခံသူနေရာရဖို့ နောက်တစ်ကြိမ်ပြန်လည်ကြိုးစားဖို့ဖြစ်လာသလို... ကျောင်းကျောင်း( သုံ့ကျောင်း)လည်း သူ့မိထွေးရဲ့ အကွက်ချမှုအောက်က ကျော်လွှားဖို့အတွက် စုန့်မော့နဲ့ မဟာမိတ်ဖွဲ့ မင်္ဂလာဆောင်ဖို့ သဘောတူခဲ့ကြတယ်... အစပိုင်းမှာ မရှိခဲ့တဲ့ ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်အားကိုးမှုတွေကို သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက တဖြည်းဖြည်းချင်း တည်ဆောက်ဖန်တီးပေးခဲ့ပါတယ်... တိုင်းပြည်အရေးမငြိမ်သက်မှုတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေ လျောင်ဝမ်ရဲ့ ပုန်ကန်မှုကို တားဆီးဖို့ စတဲ့ စိန်ခေါ်မှု အခက်အခဲတွေကနေ တစ်ဆင့်ချင်း ဇာတ်ရှိန်မြင့်လာသလို... ကျောင်းကျောင်းမော့မော့ စုံတွဲလေးလည်း ပိုပြီး ရှေ့သွားနောက်လိုက်ညီလာပြီး ဘဝပျော်ရွှင်မှုကိုပဲ ရလာမှာလား... အရင်ဘဝက ကံကြမ္မာဆိုးကြီးလိုပဲ ဇာတ်သိမ်းမလှတဲ့အဖြစ်ကို နောက်တစ်ကြိမ်ပြန်လည်ကြုံတွေ့ရမှာလားဆိုတာ CM Team နဲ့အတူ ရင်ခုန်စွာ စောင့်ကြည့်လိုက်ရအောင်... Quality : WEB-DL 1080p, 720p Total Episodes : 34 Format : mp4 Genres : Historical, Mystery, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
အပိုင်းများ
34 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း