ဇာတ်ကားများ ရွေးရန်

Mr Loverman

2024ဇာတ်လမ်းတွဲအမှတ် 8.0/10

ဒီတစ်ခါမှာတော့ နာမည်ကြီးလူမည်းမင်းသားကြီး Lennie James ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးထူးခြားခြား BL Series လေး တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Mr Loverman ဖြစ်ပြီး လက်ရှိ IMDb 7.0 အထိ ရရှိထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာကတော့ ငြင်းစရာကိုမရှိပါဘူး။အဓိကကတော့ ငယ်ငယ်လေးကတည်းက အချင်းချင်းစိတ်ဝင်စားလာပြီး နှစ်ပေါင်း ၆၀ ကျော်ချစ်ခင်လာခဲ့ကြတဲ့ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ကြားကဒရာမာစစ်စစ်ကို မိသားစုအရှုပ်အထွေးတွေနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ အဲ့ဒီယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ဆိုတာကတော့ ဘာရီနဲ့မောရစ်တို့ဖြစ်ပြီး ငယ်ငယ်လေးကတည်းက ၁၅၀၀ အချစ်နဲ့ကြိတ်ပုန်းလေးချစ်လာ‌ကြတာ အခုဆိုရင် အသက် ၇၅ နှစ်တောင်ရှိပြီးသားသမီးတွေနဲ့မြေးတွေပါရနေပါပြီ။ ၇၅ နှစ်ဆိုတဲ့အသက်အရွယ်ကသူတို့အမြင်မှာတော့လူ့သက်တမ်းရဲ့ ၄ ပုံ ၃ ပုံကျိုးနေပြီဖြစ်တဲ့အတွက် ကျန်တဲ့ ၄ ပုံ ၁ ပုံကို သူတို့ ချစ်သူနှစ်ယောက်တည်းအတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင် လာခဲ့ကြပါတယ်။အဲ့ဒါကြောင့်ဘာရီကမိန်းမဖြစ်သူနဲ့ကွာရှင်းဖို့ ပြောမယ်လို့ဆိုရာကနေဇာတ်လမ်းကစတော့တာပါပဲ။ သူ့မိန်းမကိုပြောဖို့လုပ်လိုက်တိုင်းတခြားပြဿနာတွေတက်လို့တက် သမီးတွေကလည်းတစ်ယောက်တစ်မျိုးစီနဲ့တိုင်ပတ်နေတဲ့အပြင်ကိုမှ သူ့ချစ်သူမောရစ်ကလည်း လက်ထပ်ချင်တယ်လို့ပါပြောလာတဲ့ အခါမှာတော့ ဘာရီတစ်ယောက်ခေါင်းတွေရှုပ်ရင်း မိသားစုနှစ်ခု ကြားကသူတို့ရဲ့အချစ်ခရီးကိုဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ File Size – 497 MB Quality –WEB-DL 1080p HEVC Episodes -  8 Eps Duration -  35 m Subtitle – Myanmar Hardsub Format – mkv / mp4 Genre :   Drama Translator –  Saw Lay Encoder – Min Wai

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း