ဇာတ်ကားများ ရွေးရန်

Paithani

2024ဇာတ်လမ်းတွဲ

Paithani ( 2024 ) ပိုင်ထန်နီ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Paithani လို အမည်ရပြီး အပိုင်း ၇ ပိုင်းပါဝင်တဲ့ ဟင်ဒီ web series ပဲဖြစ်ပါတယ်။ ပိုင်ထန်နီဆိုတာဟာ ဆာရီတစ်မျိုးပဲဖြစ်ပြီး တစ်ထည်လုံးကို လက်နဲ့ယက်လုပ်ပြီး လက်နဲ့ချည်ထိုးထားတဲ့ တန်ဖိုးကြီးဆာရီအမျိုးအစားဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက ဘုရင့်မိဖုရား ဝန်ကတော်လိုမျိုးတွေဝတ်ဆင်ခဲ့တာဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ အမျိုးသမီးတိုင်း ဒီပိုင်ထန်နီဝတ်ပြီး မင်္ဂလာဆောင်ဖိုက တကယ့်အိပ်မက်တစ်ခုလိုပါပဲ။ ရွှေနဲ့ပိုးချည်ရောပြီး ယက်လုပ်ထားတဲ့ ပိုင်ထန်နီဟာ ဆာရီတွေထဲက ဘုရင်မတစ်ပါးဖြစ်ပြီး ဈေးကလည်း တအားကိုကြီးလွန်းလို သာမန်လူတွေပိုင်ဆိုင်ခွင့်ရဖိုခက်ပါတယ်။ ဒီစီးရီးမှာတော့ သူ့ရဲ့လက်ရာမြောက် ပိုင်ထန်နီဆာရီတွေကြောင့် နာမည်ကြီးလူသိများလှတဲ့ လက်မှုပညာသည် ဂိုဒါဗာရီရဲ့ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အနားယူဖိုနီးကပ်လာတဲ့ ဂိုဒါဗာရီနဲ့ သူ့မိခင်ရဲ့ဘဝတစ်သက်စာအိပ်မက်ဖြစ်တဲ့ ပိုင်ထန်နီဆာရီတစ်ထည်ဝယ်ပေးချင်တဲ့ ကာဗာရီတိုရဲ့ဆန္ဒကို တွေ့မြင်ရမှာဖြစ်ပြီး ဒီကားမှာ အမေနဲ့သမီးကြားက သံယောဇဉ်နှောင်ကြိုးနဲ့အတူ စိတ်ခံစားမှုတွေ ၊ ဗဟုသုတရစရာတွေနဲ့ တင်ဆက်ပြသပေးထားတာကြောင့် ဟင်ဒီကားပရိသတ်တိုအတွက် အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ်) File Size – 410 MB (Appx;)@Episode Quality – 1080p WEB DL Duration –26 minute (@Episode) Total Episodes: 7 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – CM Bollywood Team Encoder – YK

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း