ဇာတ်ကားများ ရွေးရန်

One Hundred Years of Solitude

2024ဇာတ်လမ်းတွဲအမှတ် 8.8/10

One Hundred Years of Solitude (2024-2026) Season 01/02 (စ/ဆုံး) 1967မှာ ကိုလမ်ဘီယာစာရေးဆရာ Gabriel García Márquezက One Hundred Years of Solitudeဆိုတဲ့ စာအုပ်ကို ထုတ်ခဲ့တယ်။ ဒီစာအုပ်ဟာ ကမ္ဘာ့စာပေအနေနဲ့ရော စပိန်ဘာသာစကားနဲ့ရေးသားထားတဲ့ စာပေအနေနဲ့ရော စာပေသမိုင်းရဲ့အရေးပါတဲ့အထင်ကရမှတ်တိုင် တစ်ခုဖြစ်ခဲ့သလို Magical Realism Genreရဲ့ စံနမူနာစာအုပ်တစ်ခုလည်း ဟုတ်ခဲ့တယ်။ 1982မှာ Márquezဟာ စာပေနိုဘယ်ဆုရခဲ့ပြီး ဒီဆုရခဲ့တဲ့အဓိကအကြောင်းရင်းကလည်း သူ့ရဲ့မာစတာပိစ်ဖြစ်တဲ့ One Hundred Years of Solitudeကြောင့်ဖြစ်ခဲ့တယ်။ Márquezမသေခင် ၂၀၁၄အထိကို ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းလို့ စာရေးသူကိုယ်တိုင် ပြောခဲ့ဖူးတယ်။ သူ့ပရိသတ်တွေကလည်း စာပေက မဖြစ်နိုင်တဲ့ကမ္ဘာတွေကို စာဖတ်သူ ကိုယ်တိုင်စိတ်ကူးပုံ‌ဖော်ကြည့်လို့ရတဲ့ ကိုယ်ပိုင်ခရီးတစ်ခုဖြစ်ပြီး ဒီအရသာက ဘာနဲ့မှသွားတုလို့မရဘူးတဲ့အတွက် ရိုက်လို့ရမှာမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ကြတယ်။ Márquezကိုယ်တိုင်ကလည်း ရုပ်ရှင်ဆိုတာနဲ့ ဒီစာအုပ်က ပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ ပြောခဲ့တယ်။ ဒါပေမဲ့ Márquezနိုဘယ်ဆုမရခင် 1981မှာတုန်းက ဂျပန်ကဗျာဆရာ ဒါရိုက်တာ Shūji Terayamaက ရုပ်ရှင်အနေနဲ့ ရိုက်ဖူးတယ်။ စာရေးဆရာကတော့ ဒီဝတ္တုကို စပိန်လိုပဲပြောပြီး နာရီတစ်ရာနဲ့ ရိုက်ပြမှရောင်းမယ်အော်ခဲ့ဖူးတော့ Shūjiဘယ်လိုနားချလိုက်လဲဆိုတာက စိတ်ဝင်စားစရာတော့ကောင်းတယ်။ ဒီစီးရီးမှာတော့ စပိန်လိုပြောပြီး ကိုလမ်ဘီယာမှာပဲ ဒေသခံသရုပ်ဆောင်တွေကိုသုံးပြီး လက်တင်အမေရိက ဒါရိုက်တာတွေနဲ့ပဲရိုက်ခဲ့တဲ့အတွက် စာရေးဆရာ ဖြစ်ချင်သလောက်နီးနီး ဖြစ်သွားတယ်ပြောရမယ်။ သူ့ပရိသတ်တွေဆီကတော့ ချီးကျူးစကားတော်တော်ခံထားရတဲ့ ဇာတ်လမ်းတွဲပါပဲ။ Narrativeတွေ စာအုပ်ထဲက ရွေးချယ်ထုတ်နုတ်ထားတဲ့အပိုင်းအထိပါ ချီးကျူးခံထားရတယ်။ အခုလက်ရှိမှာတော့ ၁၆ပိုင်းမှာ ပထတစ်ခြမ်း၈ပိုင်းပဲ ထွက်ထားပါသေးတယ်။ နက်ဖလစ်အနေနဲ့တော့ မကြာသေးခင်ကမှ ကိုလမ်ဘီယာ magical realismကား Pedro Páramoကို ထုတ်ထားခဲ့ပြီး ခုဒါကိုဆက်ထုတ်တာဆိုတော့ တော်တော်တော့စိပ်ပါတယ်။ ဒီလိုင်းကကားတွေ ထပ်ထုတ်ချင်လည်း ထုတ်နိုင်လောက်သေးတယ်။ ဇာတ်လမ်းကတော့ Buendía မိသားစုရဲ့ မျိုးဆက်၇ဆက်ရဲ့ ဇာတ်လမ်းကို ပြသထားတဲ့ဇာတ်ပါပဲ။ မိသားစုတစ်ခုရဲ့ မျိုးဆက်၇ဆက်အကြောင်းပဲဆိုပေမဲ့ ဒီမိသားစုက လူတွေရဲ့ မတူတဲ့ဖြစ်တည်မှုတွေ မတူတဲ့စရိုက်တွေ မတူတဲ့ဝိသေသတွေကိုကြည့်ရင်း ကျွန်တော်တို့ခေါင်းထဲ တန်းစီဝင်လာမယ့် ကမ္ဘာ့သမိုင်းတစ်လျှောက်က နာမည်ကျော်ပုဂ္ဂိုလ်တွေကိုပြေးမြင်မိလောက်တဲ့အထိ မိသားစုတစ်စုရဲ့သမိုင်းကို ကမ္ဘာတစ်ခုရဲ့သမိုင်းလို တင်ဆက်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဒီဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းစေတဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီပထမ၈ပိုင်းမှာတော့မျိုးဆက်၃ဆက်အထိ ခရီးပေါက်ထားပါတယ်။ ၇ဆက်မြောက်မှာက လူလည်းမကျန်တော့ဘူးဆိုတော့ တစ်ဝက်ကျိုးသွားပြီပြောရပါမယ်။ ဒါပေမဲ့လည်း Joseသေတဲ့ ပထမခြမ်းရဲ့နောက်ဆုံးနားမှာ ၆ဆက်မြောက်က Aureliano Babilonia ဒီအဖြစ်တွေကိုပြန်ဖတ်နေတဲ့အခန်းကိုတော့ ထည့်ထားတယ်။ ဒီဇာတ်လမ်းမှာတင်ဆက်ထားတဲ့ Buendíaမိသားစုက လူတွေကလည်း မတူတဲ့ဗီဇအသီးအသီးနဲ့ စိတ်ဝင်စားစရာကောင်းသလို သူတို့မိသားစုရဲ့ ကြမ္မာကလည်း စိတ်ဝင်စားစရာကောင်းနေတယ်။ Magical Realism Genreဖြစ်တာနဲ့အညီပဲ ဇာတ်လမ်းတစ်လျှောက်မှာလည်း သူတို့မိသားစုဆီ ရောက်လာတတ်တဲ့ တစ္ဆေတွေ သူထူးတွေ အိပ်မက်ဆန်ဆန်အဖြစ်တွေရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ အစဉ်အလာတွေရော အသစ်တွေရောရှိနေသလို လက်တွေ့ကျတာတွေရော အယူသီးတာတွေရော ရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ လက်ခံခြင်းတွေရော လက်မခံခြင်းတွေရောရှိသလို သူတို့ကမ္ဘာကြီးမှာ လူမဆန်ခြင်းတွေရော ချစ်ခြင်းတွေရောရှိတယ်။ သူတို့ကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးလည်းဆန်သလို သူတို့ကမ္ဘာကြီးက အိပ်မက်လည်းဆန်တယ်။ ဒီဇာတ်လမ်းတွဲမှာ García Márquezရဲ့ အဲဒီလိုကမ္ဘာကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။ File size…(1.1 GB) / (719 MB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….00:52:00 Genre...Drama, Scifi & Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wira Aung

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း