ဇာတ်ကားများ ရွေးရန်

White Lies

2024ဇာတ်လမ်းတွဲအမှတ် 6.8/10

( Season 1 ) အပိုင်း ( ၁ မှ ၈ ) အထိ  စ / ဆုံး ဒီတစ်ခါမှာတော့ ပိတ်ရက်ကြည့်စရာ Crime Thriller ဇာတ်လမ်းတွဲလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ အက်ဒီဟန်ဆန်ရဲ့ အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရတာနဲ့ စတင်ထားပါတယ် ။ အက်ဒီဟန်ဆန်ရဲ့ အစ်ကို အန်ဒရူးမက်ကန်ဇီဟာ သူ့ရဲ့ ဇိမ်ခံ အိမ်ကြီးထဲမှာ အသတ်ခံလိုက်ရပြီး ဇနီးဖြစ်သူကလည်း သေလု မျောပါး အရိုက်ခံလိုက်ရပါတယ် ။ ဒါပေမဲ့ ရဲဘက်က အဓိက သံသယရှိသူကတော့ သားနဲ့သမီးဖြစ်တဲ့ ဒန်နီရယ်နဲ့ ဂျေမီပါတဲ့ ။ ဒီအမှုကို အဓိက ကိုင်တွယ်တဲ့ ရဲအရာရှိ ဖိုတီဘဲလ် နဲ့ သတင်းထောက် အက်ဒီဟန်ဆန်ဟာလည်း မကျေလည်ခဲ့တဲ့ အတိတ်တွေက ရှိနေပြန်ပါသေးတယ် ။ အက်ဒီဟန်ဆန်ကလည်း သူ့တူနဲ့ တူမကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားသလို ဖိုတီဘဲလ်ကလည်း အဲဒီကလေးနှစ်ယောက်ကို ထောင်ထဲထည့်ဖို့ ကျားကုတ်ကျားခဲပါပဲ ။ တစ်ယူသန်တဲ့ ဖိုတီဘဲလ်နဲ့ တူဇော တူမဇောကပ်နေတဲ့ အက်ဒီဟန်ဆန် သူတို့နှစ်ယောက်မှာ ဘယ်သူက အမှန်ဖြစ်မလဲ ။ မျိုးရိုးနာမည် မတူတဲ့ အက်ဒီဟန်ဆန်နဲ့ အန်ဒရူးမက်ကန်ဇီကရော ဘယ်လိုဇာတ်ကြောင်းတွေ ရှိနေတာလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာ အသေးစိတ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ သေချာတာတစ်ခုကတော့ ဖိုတီဘဲလ်နဲ့ အက်ဒီဟန်ဆန်တို့ နှစ်ယောက်ကလွဲလို့ ဇာတ်လမ်းထဲက ပါဝင်သမျှ လူတိုင်းဟာ သံသယဝင်စရာကောင်းနေတယ်ဆိုတာပါပဲ ။ ဒါဆိုရင်တော့ တကယ့်လူသတ်သမားအစစ်က ဘယ်သူလဲဆိုတာကို White Lies ဇာတ်လမ်းတွဲထဲမှာ အတူတူရှာဖွေကြည့်လိုက်ရအောင်ပါ ။ File Size – 884 MB / 385 MB Quality –WEB-DL 1080p HEVC  , 720p Episodes -  8 Eps Duration -  45 m Subtitle – Myanmar Hardsub Format – mkv / mp4 Genre :  Crime , Drama , Thriller Translator –  Hazelle , July @ Aoi Encoder – Min Wai

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း