ဇာတ်ကားများ ရွေးရန်

The Beginning of the Sea

2024ဇာတ်လမ်းတွဲအမှတ် 7.2/10

The Beginning of the Sea (2024) အပိုင်း (၁ မှ ၁၂) စ/ဆုံး "ကျွန်မက အမှီအခိုကင်းတဲ့သူလေ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ရှင်‌ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ဖူးပါဘူး"(မိဇုကိ) "မဟုတ်ဘူး မင်းက သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သူ သူများကို ဂရုမစိုက်တတ်တဲ့သူ"(နတ်ဆု) "လူကြီးတွေက သေသွားတဲ့လူတစ်ယောက်ကို ထွက်သွားပြီလို့ပဲ အမြဲပြောနေကြတာလဲ အမေက အူမီနဲ့ ဒီမှာအမြဲရှိနေခဲ့တာ ဒီမှာမရှိနေခဲ့တဲ့သူက နတ်ဆုပဲ"(အူမီ) အခုတစ်ခါတင်ဆက်ပေးမှာကတော့ မိဘမေတ္တာကို ဖော်ကြူးထားတဲ့ ဂျပန် melodrama လေး တစ်ကားပါ။ မိဘဖြစ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ကောလိပ်ကျောင်းသားအရွယ်ချစ်သူ နှစ်ယောက်ကြားမှာ ကလေးဆိုတဲ့ ဝန်ပိုတစ်ခုရောက်လာချိန်မှာတော့ မိဇုကိတစ်ယောက် ဗျာများရပါပြီ။ နတ်ဆုရဲ့အနာဂတ်လမ်းကို မပိတ်ပင်လိုတဲ့ မိဇုကိတစ်ယောက် ကလေးကိုဖျက်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ပြောပြီး ကျောင်းကလည်းထွက်လို့ နတ်ဆုရဲ့ဘဝထဲကနေ လုံးဝကို ခြေရာဖျောက်သွားပါတော့တယ်။ ဒီလိုနဲ့ ၇ နှစ်အကြာမှာ နတ်ဆုတစ်ယောက် မိဇုကိနဲ့ပတ်သက်လို့ ပထမဆုံးကြားလိုက်ရတဲ့ သတင်းက နာရေးသတင်းဖြစ်နေပြီး မိဇုကိမှာ ၇ နှစ်အရွယ် အူမီဆိုတဲ့ ကလေးတစ်ယောက် ရှိနေတာကို သိလိုက်ရတဲအခါ.... လွန်ခဲ့တဲ့ ၇ နှစ်က မိဇုကိတစ်ယောက် ဘာလို့ဒီလိုရဲတင်းတဲ့ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း ဆုံးဖြတ်လိုက်တာလဲ။ ရုတ်တရက် လူပျိုဘဝကနေ ကလေးတစ်ယောက်အဖေဖြစ်လာတဲ့ နတ်ဆုကရော ဘယ်လိုရှေ့ဆက်မလဲ။ ၇ နှစ်လုံး နာမည်တောင် သဲ့သဲ့ပဲကြားခဲ့ဖူးတဲ့အဖေကို အူမီလေးကရော နားလည်နိုင်မှာလား။ လူတစ်ယောက် ဘဝထဲကထွက်သွားခြင်းဟာ ပတ်ဝန်းကျင်ကလူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုဖြစ်လာစေလဲဆိုတာ CM နဲ့အတူ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားပေးထားပါတယ်) Episodes: 12 Aired: Jul 1, 2024 - Sep 23, 2024 Aired On: Monday Original Network: Fuji TV Genres: Life, Family, Melodrama Translated by Mary Christ, Richie, Nisarh, DaoPhyo, Erica Thaw, Kim & Reddy Encoded by AHtet

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း