ဇာတ်ကားများ ရွေးရန်

The Gift of Your Heart

2024ဇာတ်လမ်းတွဲအမှတ် 9.5/10

The Gift of Your Heart (2024) စ/ဆုံး CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ ဂျပန် romance/drama လေး တင်ဆက်ပေးလိုက်ပါတယ်... မိုးရွာရင် ဘယ်လိုခံစားရသလဲ။ မိုးရာသီကို ကြိုက်တဲ့သူရှိသလို စိုစွတ်စွတ်ဖြစ်နေတာကို မနှစ်မြို့သူလည်း ရှိကြပါတယ်။ ဒီဇာတ်ကားလေးထဲက အာမဲ အာအိဟာရကတော့...အမေပေးခဲ့တဲ့ အာမဲ မိုးဆိုတဲ့ နာမည်ကို လုံးဝသဘောမကျပါဘူး... သက်တူ‌ရွယ်တူ ကျောင်းသားတွေကလည်း...သူ့နာမည်နဲ့ ပတ်သက်ပြီး ဟာသလုပ် နောက်ပြောင်ကြပါတယ်။... တစ်နေ့မှာတော့ ကျောင်းမှာရော အမေဆီကပါ ပစ်ပယ်ခံထားရတဲ့ အာမဲရဲ့ဘဝထဲကို တိုင်းယော အာစနော့ဆိုတဲ့... နေမင်းကြီးလို နွေးထွေးတဲ့ စီနီယာတစ်ယောက် ရောက်ရှိလာပါတော့တယ်။ အားငယ်တတ်တဲ့ အာမဲဟာ... ခွန်အားတက်စရာ စကားတွေ အမြဲပြောတတ်သူ တိုင်းယောနဲ့ ဆယ်နှစ်ကတိတစ်ခုကို ပြုလုပ်ခဲ့ပါတယ်... နောက်ဆယ်နှစ်အကြာ ပြန်တွေ့ကြတဲ့အခါ နှစ်ယောက်စလုံး ပေးထားကြတဲ့ ကတိတွေကို တည်နိုင်ကြမလား... အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့တဲ့အခါ နှလုံးသားတစ်ခုကို ပေးဖို့ အဆင်သင့်ဖြစ်‌နေကြတဲ့ သူတို့နှစ်ယောက်... ဘယ်လိုတွေ ရှေ့ဆက်ကြမလဲဆိုတာ ရင်တမောမောနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ Drama: The Gift Of Your Heart Genres: Romance, Drama, Fantasy Country: Japan Episodes: 11 Aired: Jan 8, 2024 - Mar 18, 2024 Aired On: Monday Original Network: Fuji TV Duration: 54 min. Translated by Reddy, TML, Nisarh, Mary, Kim & Hazel Encoded by Heather Oo

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း