ဇာတ်ကားများ ရွေးရန်

1122: For a Happy Marriage

2024ဇာတ်လမ်းတွဲအမှတ် 6.3/10

1122: For a Happy Marriage (2024) အပိုင်းသစ် (၁ မှ ၇) စ/ဆုံး ဒီတစ်ခေါက် ဒရာမာလေးက‌တော့ Artist ပဲကို ဝါတာနာဘဲ ရဲ့  Manga "1122: For a Happy Marriage" ကို အခြေခံပြီးရိုက်ကူးထားတဲ့ Serie ပဲဖြစ်ပါတယ်။ လက်ထပ်ထားတာ ၇ နှစ်ပြည့်ပြီဖြစ်တဲ့ အိုတိုရ အိုင်ဟာရနဲ့ အီချီကို ယာမာနဲတို့ ဇနီးမောင်နှံနှစ်ယောက်... အပြင်ပန်းက ကြည့်ရင်တော့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝက ဘာမှထွေထွေထူးထူးပြောစရာမရှိဘဲ အဆင်ပြေနေခဲ့ပေမဲ့ တကယ်တမ်းကတော့ Sex မပါတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်လာတာ တစ်နှစ်လောက်ရှိခဲ့ပါပြီ... ဇနီးသည် အီချီကိုက အိုတိုရရဲ့ လိင်မှုလိုအင်ဆန္ဒတွေကို မဖြည့်ဆည်းပေးချင်တော့ဘူးဆိုတဲ့ဆန္ဒနဲ့အတူ အိုတိုရကို အိမ်ထောင်ရေးပြင်ပမှာ ချစ်မှုရေးရာတွေလုပ်ဖို့ ခွင့်ပြုချက်ပေးခဲ့ပါတယ်... ဒါပေမဲ့လည်း သူမသိလိုက်ခင်မှာတင် အိမ်ထောင်ရေးပြင်ပမှာ အချစ်တစ်ခုကို ရှာတွေ့သွားတဲ့ အိုတိုရက တစ်နေ့တခြား ပျော်ရွှင်နေတာကို မြင်ရတဲ့အချိန်မှာ သူ့ရင်ဘတ်မှာ ဘာမှန်းမသိတဲ့ခံစားချက်တစ်ခု ဖြစ်လာပါတယ်... အဲဒီခံစားချက်ဟာ ဘာပါလဲ...ကိုယ်တိုင်က အိမ်ထောင်ရေးပြင်ပအချစ်ရေးကို ခွင့်ပြုပေးခဲ့ပေမဲ့ ကိုယ့်ဘက်က Sex ကိုတောင်းဆိုတဲ့အချိန်မှာ သဘောကျတဲ့သူရှိနေတယ်ဆိုတဲ့ ပြောစကားနဲ့အတူ အငြင်းခံလိုက်ရတဲ့ အီချီကိုတစ်ယောက်... သူ့ဘက်က လိင်မှုစိတ်ဆန္ဒတွေပေါ်ပေါက်လာတဲ့အခါမှာရော ဘယ်လိုနည်းနဲ့ဖြေရှင်းမလဲ... အိမ်ထောင်ရေးတစ်ခုမှာ ကျန်တာတွေအဆင်ပြေနေပေမဲ့ ဇနီးမောင်နှံနှစ်ယောက်လုံးက လိင်မှုကိစ္စကို ကိုယ်စီ အပြင်မှာဖြေရှင်းနေမယ်ဆိုရင်ရော ဒီအိမ်ထောင်ရေးက ဘာအဓိပ္ပာယ်ရှိမလဲ... တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု၊ လေးစားမှုတွေအပြင် ဒီ Sex ကိစ္စက ဘယ်လောက်ထိအရေးပါနေသလဲ... နောက်ဆုံးမှာ ကိုယ်စီခံစားချက်တွေကို အဖြေလိုက်ရှာရင်း ဒီအိမ်ထောင်ရေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို စောင့်စားကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းကိုတော့  Chothet_mlmt မှ ရေးသားထားပါတယ်။) Aired: Jun 14, 2024 - Jun 28, 2024 Aired On: Friday Genres: Romance, Drama Episodes: 7 Original Network: Amazon Prime Translated by Esth, Theint, Hsu Pyae, Hazelle, Lai Laii & Thinn Encoded by Tiff

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း