ဇာတ်ကားများ ရွေးရန်

The Science Club

2024ဇာတ်လမ်းတွဲအမှတ် 9.0/10

The Science Club (2024) အပိုင်း (၁ မှ ၁၀) စ/ဆုံး အခုတစ်ခါတင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ ဂျပန်စီးရီးလေးဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ မင်းသား Masataka Kubota ကတော့ အားလုံးသိကြတဲ့ Death Note(2015) မှာလည်း Light နေရာကနေ ပါဝင်ထားပြီးတော့ Tokyo Ghoul (2017) Live Version မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သိပ္ပံပညာမှာ ကျွမ်းကျင်တဲ့ ဖူဂျီတာကဲဆိုတဲ့သူဟာ သုတေသနလုပ်စရာရှိတဲ့အတွက် တိုကျိုမြို့က အရှေ့ရှင်ဂျူကူအထက်တန်းကျောင်းမှာ ညကျောင်းရဲ့ သိပ္ပံဆရာအဖြစ်နဲ့ သွားရောက်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီညကျောင်းကို ဘာလို့သွားလုပ်ရတာလဲဆိုရင် သူ့ရဲ့ သုတေသနအတွက် လက်ရွေးစင်အဖွဲ့ဖွဲ့ပြီးတော့ စမ်းသပ်မှုတွေ ပြုလုပ်ချင်လို့ပါပဲ .. ဒီညကျောင်းဟာဆိုရင်တော့ အသက်အရွယ်အစုံရှိပြီး တစ်ယောက်စီရဲ့ ဘဝဇာတ်ကြောင်းတွေဟာလည်း ခက်ခဲမှုတွေကို ဖြတ်သန်းလာခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်။ ဒီအထဲမှာမှ ရာနဂီဒါဆိုတဲ့ကောင်လေးဟာ စာဖတ်ရခက်တဲ့ရောဂါကို ခံစားနေရသူဖြစ်ပြီး သူကိုယ်တိုင်လည်း မသိသလို သူ့မိဘအသိုင်းအဝိုင်းတွေကလည်း မသိကြပါဘူး။ ဆရာဖူဂျီတာကဲနဲ့တွေ့ပြီးမှ ဒီရောဂါအကြောင်းကို သိရသူတစ်ယောက်ပေါ့။ သူဟာ ဆရာဖူဂျီတာကဲရဲ့အတန်းမှာ စာမဖတ်တတ်တာကလွဲရင် သင်္ချာနဲ့ ရူပဗေဒ ပုစ္ဆာတွေကို မေးလိုက်တာနဲ့ တန်းပြီးတော့ အဖြေတွက်ပြနိုင်တဲ့အထိကို တော်တဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ ဆရာဖူဂျီတာကဲတစ်ယောက် သူလိုချင်တဲ့ လက်ရွေးစင်အဖွဲ့ကို ဒီညကျောင်းလေးကနေ ရသွားမလား ........ ညကျောင်းက ကျောင်းသားတွေအပေါ် ဆရာတစ်ယောက်အနေနဲ့ ဘယ်လို ထိန်းကျောင်းသွားမလဲ ..... သူ သုတေသနလုပ်ချင်တဲ့ စမ်းသပ်မှုဆိုတာကရော ဘာဖြစ်မလဲ... ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်.... (အညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်) Episodes: 10 Aired: Oct 8, 2024 - Dec 10, 2024 Aired On: Monday Original Network: NHK Genres: Life, Youth, School, Drama Translated by Char Ou, Richie, Clypso, Okka, Hazel  & Reddy Encoded by AHtet

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း