ဇာတ်ကားများ ရွေးရန်

Mohrey

2024ဇာတ်လမ်းတွဲ

Mohrey (2024) (IMDb 7.1/10) မြေအောက်ရာဇာ နှင့် ဥပဒေဘက်တော်သားတိုက်ပွဲ အခုတစ်ခါ ပရိသတ်ကြီးရှေ့မှောက်တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ဇာတ်အိမ်ကောင်းကောင်းနဲ့ သည်းထိပ်ရင်ဖိုဆန်ဆန် မြေအောက်လောကသားတွေနဲ့ ရဲတပ်ဖွဲ့ရဲ့အားပြိုင်မှုကို လျှို့ဝှက်မှုတွေ လက်စားချေမှုတွေ ကတုံးပေါ်ထိပ်ကွက်တာတွေပေါင်းစုံနဲ့ ရသစုံခံစားရမယ့်ကားလေးပါပဲ.... IMDb က ဆရာကြီးများကတော့ ဂျပန်နာမည်ကြီး Rashomon ကားရဲ့ narration နဲ့တောင် အလားသဏ္ဍန်တူတယ်လို့ ညွှန်းဆိုထားတယ်ဆိုတော့ ရတဲ့ Rating နဲ့တန်တဲ့ အာပလာကားမဟုတ်တာတော့ သိသာပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မွမ်ဘိုင်းမြို့ကို အောက်ဆုံးမြေအောက်လောကကနေ ထိပ်ဆုံးမြို့တော်ဝန်ပါမကျန် ခြယ်လှယ်နေတဲ့ ဘော့စကိုဆိုတဲ့ ဆရာကောင်တစ်ယောက်ရှိပါတယ် သူကလူတကာကို ကတုံးပေါ်ထိပ်ကွက်ပြီး မြို့တော်ဝန်ကိုပါ အချိုးမပြေလုပ်လာလို့ မြို့တော်ဝန်လည်း မလှန်ရဲပေမယ့် အမြင်ကတ်လာပြီး သူ့ကိုပြန်ဆော်ဖို့ လုပ်ပါတော့တယ်... အဲ့ဒါနဲ့ပဲ ဘော့စ်ကိုရဲ့ရန်သူတော်ဟောင်းကြီး ရဲမှူးကြီးဂျက်ဘာကို မွမ်ဘိုင်းကိုဆင့်ခေါ်ပြီး ဘော့စ်ကိုကို စုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်...အဲ့ချိန်ကစပြီးတော့ ဟိုဘက်ဒီဘက်ကလူတွေရဲ့ ပတ်သတ်ဆက်နွယ်မှုတွေ ကြားထဲက ဂလယ်အူကြောင်နဲ့ဝင်ပတ်သတ်မိတဲ့လူတွေ မြေအောက်လောကသားတွေပီပီ အပျင်းပြေနှုတ်ပိတ်ပြတာတွေ စသဖြင့် သဘာဝဆန်ဆန်ရိုက်ပြထားတာမို့ ပရိသတ်ကြီးတို့ ဆက်လက်ခံစားကြည့်ရှုနိုင်ဖို့ တင်ပေးလိုက်ရပါတယ်.... အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File Size – 600 MB (Appx;)@Episode Quality – 1080p WEB DL Duration – 35 minute (@Episode) Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama~Mystery Translator –  CM Bollywood Team Encoder – YK

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း