ဇာတ်ကားများ ရွေးရန်

Your Honor

2018ဇာတ်လမ်းတွဲအမှတ် 7.2/10

Your Honor (2018) အပိုင်း (1 မှ 16) စ/ဆုံး ကျွန်တော်တို့ ယခုတစ်ခေါက်တင်ဆက်ပေမဲ့ ဇာတ်လမ်းတွဲလေးကတော့ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ဥပဒေရေးရာဇာတ်လမ်းလေးကိုမှ အချစ် ဟာသ မိသားစုဒရာမာတွေ ထည့်ရိုက်ပြထားတဲ့ Your Honor ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ အမြွှာညီအစ်ကိုအဖြစ် The Best Hit ကားထဲက မင်းသား Yoon Shi Yoon, Dare to Love Me ကားထဲက မင်းသမီး Lee Yoo Young, Itaewon Class ထဲက မင်းသမီးချောလေး Kwon Nara နဲ့ Decibel ကားထဲက မင်းသား Park Byung Eun တို့ပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- သွေးရင်းအမြွှာညီအစ်ကို ၂ ယောက်ဖြစ်တဲ့ ဟန်ဂန်ဟိုနဲ့ ဟန်ဆူဟိုဟာ မတူညီတဲ့ဘဝ ၂ ခုမှာ ရှင်သန်နေကြတဲ့သူတွေပါ။ ပညာရေးမှာ ထူးချွန်တဲ့ အစ်ကိုကြီးဖြစ်သူ ဟန်ဆူဟိုကတော့ ဥပဒေစာမေးပွဲကို ဖြေဆိုကာ အငယ်ဆုံး တရားသူကြီး ဖြစ်လာသော်လည်း ညီဖြစ်သူ ဟန်ဂန်ဟိုကတော့ သူ့အတိတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်နာကျည်းမှုတွေ စိတ်ဒဏ်ရာတွေကြောင့် ဆိုးသွမ်းလူငယ်တစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့ ညီဖြစ်သူ ဟန်ဂန်ဟိုတစ်ယောက် ပြဿနာရှာမိပြီး ရဲတွေလိုက်ဖမ်းလို့ အစ်ကိုဖြစ်သူ ဟန်ဆူဟိုရဲ့အိမ်ကို သွားခဲ့သော်လည်း အစ်ကိုဖြစ်သူ ဟန်ဆူဟိုဟာ ဖုန်းနဲ့အတူ သူ့အသုံးအဆောင်ပစ္စည်း အကုန်ထားခဲ့ပြီး ပျောက်ဆုံးနေတဲ့အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ ရဲတွေလိုက်ဖမ်းနေကြတဲ့ ဟန်ဂန်ဟိုတစ်ယောက် တရားသူကြီးဖြစ်သူ အစ်ကိုဟန်ဆူဟိုအနေနဲ့ ဟန်ဆောင်ကာ အမှုတွေကို ဘယ်လိုဖြေရှင်းသွားမလဲ.... အစ်ကိုဖြစ်သူဟန်ဆူဟိုဟာ ဘယ်လိုအကြောင်းကြောင့်တွေကြောင့် ပုန်းရှောင်နေခဲ့တာလဲဆိုတာကို ဟာသ အချစ် ဒရာမာ ဥပဒေဆန်ဆန်ရိုက်ပြထားတဲ့ကားလေးမို့လို့ မကြည့်ရသေးတဲ့သူတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲနော်။ (အညွှန်းကိုတော့ Theint မှ ရေးသားထားပါတယ်။) Aired: Jul 25, 2018 - Sep 20, 2018 Aired On: Wednesday, Thursday Genres: Comedy, Law, Romance, Drama Episodes: 16 Original Network: jTBC Translated by Milkeux, Saung Yupar, Esth, Kyoun & Zoronoa Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း