ဇာတ်ကားများ ရွေးရန်

Us

2025ဇာတ်လမ်းတွဲအမှတ် 7.7/10

နှလုံးသား ပန်းတိုင် (၂၀၂၅) အပိုင်း (၁ မှ ၁၂) စ/ဆုံး  GMM 2024 မှာ စပြီးမိတ်ဆက်ခဲ့တဲ့ GMMtv ရဲ့ တတိယမြောက် GL seriesလည်းဖြစ် new GL CP သစ် Emi-Bonnie ရဲ့ Us the series လေး  ပရိသတ်တို့ ရှေ့မှောက်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ Pluto ပြီးသွားလို့ စနေညတွေမှ အထီးကျန်နေတဲ့ အချော်တို့လည်း 2025 ရဲ့ GL journeyသစ်လေးကို Us လေးနဲ့ပဲ စပြီး‌တော့ လျှောက်လှမ်းလိုက်ကြပါစို့လား။ အထက်တန်းအပြီးမှာ ရည်မှန်းချက်ပျောက်နေတဲ့ ဒေါရတ်တစ်ယောက် ကိုယ့်ရဲ့လိုရာပန်းတိုင်ကို ရှာမယ်ဆိုပြီး ကျောင်းတစ်နှစ်နားလိုက်ပါတယ်။ ဒါပေမဲ့ သူရှာတွေ့သွားတာကတော့ ရည်မှန်းချက်ပန်းတိုင်မဟုတ်ဘဲ နှလုံးသားပန်းတိုင်ဖြစ်နေပါသတဲ့။ ဘာလို့လဲဆိုတော့ သူအချိန်ပိုင်းလုပ်နေကျ ကော်ဖီဆိုင်ကိုလာပြီး စာအုပ်ဖတ်နေကျ သွားဆရာဝန်မလေးပမ်ကို တိတ်တခိုး ချစ်မိသွားခဲ့လို့ပါ။ ဘယ်လောက်ထိ အချစ်ရူးရူးလဲဆိုတော့ သွားဆရာဝန်မလေးနဲ့ တွေ့ရဖို့ သကြားလုံးတွေကို ရူးရူးမိုက်မိုက်စားပြီး သွားပိုးစားခံတဲ့အထိပါပဲ။ ဒါပေမဲ့ မိန်းကလေးချင်းမို့လို့ ခံစားချက်ကိုဖွင့်ဟဖို့ မဝံ့မရဲဖြစ်နေတုန်း ဒေါ့ရတ်ရဲ့ အချစ်ဦး သည်းဦးပန်းလေးကို ခူးဆွတ်မယ့်လူက ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ရတ်ရဲ့အစ်ကိုကဝီပါပဲ။ ဒီလိုနဲ့ ကဝီတစ်ယောက် ပမ့်ကိုပိုးပန်းဖို့ ရတ်ကိုအကူအညီတောင်းပြီး ပုံလေးတွေဆွဲခိုင်းတဲ့အခါမှာတော့... တစ်ဖက်ကချစ်ရသူ တစ်ဖက်က အစ်ကိုအရင်း၊ ဒီ 1500အချစ်နဲ့ 528 မေတ္တာတို့ကြား အားပြိုင်မှုမှာ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားပေးထားပါတယ်) Aired: Jan 18, 2025  Aired On: Saturday Original Network: GMM 25 Genres:Romance, Drama Translated by CharOu, Richie, Reddy, Mary Christ , Jiyeon & Kim Encoded by AHtet

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း