ဇာတ်ကားများ ရွေးရန်

Everlasting Longing

2025ဇာတ်လမ်းတွဲ

ဒီနေ့တော့ 85 year born မင်းသမီးတွေရဲ့ come back drama ထဲက တစ်ကားဖြစ်တဲ့ မင်းသမီး Angelababy နဲ့ မင်းသားချော Song Wei Long တို့ရဲ့ Everlasting Longing က surprise အနေနဲ့ ထွက်လာပါပြီနော် ဇာတ်လမ်းအညွှန်း Yan Nan မြို့ က ကုန်သည်မိသားစုရဲ့ တရားမဝင်သားဖြစ်သူ Jun Fei Fan လို့ အများက သိထားကြတဲ့ Jun Qi Luo ဟာ တကယ်တမ်းတော့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်ပြီး သက်သေအထောက်အထား ၂ မျိုးနဲ့ နေထိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို Bei Xuan မြို့က စစ်နတ်ဘုရားလို့ အများက တင်စားခေါ်ကြတဲ့ Xuanbu ခေါင်းဆောင် စစ်သူကြီး Xuan Lie က Bai Gong ရဲ့ ဆက်ဆံသူလို့ လူမှားပြီး ဖမ်းခေါ်သွားခဲ့ပါတယ်။ ကိုယ့်အရပ်ဒေသမဟုတ်တဲ့နေရာမှာ Jun Qi Luo တစ်ယောက် သူလျှိုအဖြစ် စွပ်စွဲခံရ၊ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ နောက်ဆုံးမှာ ထွက်ပြေးဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူအိမ်ကနေ ထွက်လာခဲ့ချိန်မှာ မင်းသားဖြစ်သူနဲ့ သူ့ခဲအိုဖြစ်သူတို့ ပူးပေါင်းပြီး သူတို့မိသားစုက ပိုင်ဆိုင်မှုအားလုံးကို လုယူသွားခဲ့ပါတယ် ။ Jun Qi Luo တစ်ယောက် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဖခင်နဲ့ ညီမ ၂ ယောက်နဲ့အတူ မိသားစုစီးပွားရေးကိုပြန်လည်ထူထောင်ရင်း ရုန်းကန်ဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း Jun Qi Luo နဲ့ Xuan Lieတို့ ပူးပေါင်းပြီး မတူညီတဲ့ ရည်မှန်းချက်ကိုယ်စီနဲ့ မြောက်ပိုင်းကို ခရီးဆက်ရင်း သေရေးရှင်ရေး အဖြစ်အပျက်တွေကြား သူတို့ ၂ ဦးရဲ့ ရင်ထဲမှာ အချစ်တွေ ပေါက်ဖွားလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ကံကြမ္မာကရော သူတို့ ၂ ယောက်ကို ပေါင်းဖက်ခွင့်ပေးပါ့မလားဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး Quality : WEB-DL 1080p,720p Total Episodes : 30 Format : mp4 Genres : Historical, Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMee JueJue Encoded by LK

အပိုင်းများ

30 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 30 အပိုင်း

ဇာတ်လမ်းအကြောင်း