ဇာတ်ကားများ ရွေးရန်

The Joseon Gunman

2014ဇာတ်လမ်းတွဲအမှတ် 7.0/10

The Joseon Gunman (2014) စ/ဆုံး ၁၉ရာစုရဲ့ ဂျိုဆွန်းမင်းဆက်မှာ တိုင်းပြည်နဲ့လူမျိုးကို ပိုကောင်းတဲ့ဘဝရောက်ပြီး လူသားတိုင်း တန်းတူညီမျှစေဖို့ ကြိုးစားနေကြတဲ့ ဥာဏ်အလင်းဝါဒီအုပ်စုနဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကိုသာ လက်ကိုင်ထားချင်တဲ့ အာဏာကြီးအမတ်တွေရဲ့ ရှေးရိုးစွဲဝါဒီအုပ်စုဆိုပြီး နှစ်မျိုးကွဲပြားနေပါတယ်... တစ်နေ့မှာတော့ ဥာဏ်အလင်းဝါဒီအုပ်စုက ပညာသင်တွေချည်း အမည်မသိသေနတ်သမားရဲ့လုပ်ကြံသတ်ဖြတ်မှုကို ခံနေရတဲ့အခါ ဘုရင့်သစ္စာတော်ခံဖြစ်တဲ့ နန်းစောင့်တပ်ဖွဲ့မှူးက အမှုမှန်ကိုစတင်စုံစမ်းဖို့လုပ်ပါတော့တယ်...ဒါပေမဲ့ အဲဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာရှိနေတဲ့သူက ဩဇာညောင်းတဲ့အမတ်ကြီးတွေဖြစ်နေတဲ့အခါ နန်းစောင့်တပ်ဖွဲ့မှူးပါ သေနတ်သမားရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်... ဒီလိုနဲ့ ဖခင်ဖြစ်သူနန်းစောင့်တပ်ဖွဲ့မှူးကြီးပါမက ညီမဖြစ်သူပါ အစေခံအဖြစ်ရောင်းစားခံလိုက်ရပြီး ကိုယ်ကိုယ်တိုင်ပါ လိုက်ဖမ်းခံရတဲ့ဘဝရောက်သွားတဲ့အခါ ဘတ်ယွန်းဂန်တစ်ယောက် ဘဝအမှန်ကိုဖုံးကွယ်ပြီး သေနတ်သမားအဖြစ်နဲ့ ပြန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... လက်စားချေချင်စိတ်တွေပြည့်နှက်နေတဲ့ ဘတ်ယွန်းဂန်အဖြစ် ကိုယ်ရဲ့ အချစ်ဦးမင်းသားကြီး Lee Joon-Gi နဲ့အတူ အဓိကဗီလိန်အဖြစ် မင်းသားကြီး Yu Oh-Seong တို့တင်မက တခြားဝါရင့်သဘာရင့် သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ပေးထားတာမို့ ကြည့်ရတာ အရသာရှိမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအညွှန်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်... Drama: Gunman in Joseon Genres: Action, Historical, Romance, Melodrama Country: South Korea Episodes: 22 Aired: Jun 25, 2014 - Sep 4, 2014 Aired On: Wednesday, Thursday Original Network: KBS2 Duration: 1 hr. 10 min. Translated by Hsu Pyae, Vanessa, Esther, Wutyi, Han, Htoo Htoo Aung, Phyu Phyu Thein & Yati Naing Encoded by Heather Oo

အပိုင်းများ

22 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 22 အပိုင်း

ဇာတ်လမ်းအကြောင်း