ဇာတ်ကားများ ရွေးရန်

The 7 Lives of Lea

2022ဇာတ်လမ်းတွဲအမှတ် 7.5/10

The 7 Lives of Lea (2022) ဒီဇာတ်လမ်းတွဲက​တော့ Netflixက​နေ တင်ဆက်ထားတဲ့ ပြင်သစ် Crime Drama ဇာတ်လမ်းတွဲဖြစ်ပြီးIMDbအ​နေနဲ့ 7.1ရရှိထားပါတယ် Total Episodesအ​နေနဲ့ ၇ပိုင်းပါဝင်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်​ပေးသွားမှာပါ။ ဇာတ်လမ်းအကျဉ်းက​တော့ လီယာဆိုတဲ့ ​ကောင်မ​လေးဟာ ပါတီပွဲတစ်ခုမှာ မူးရူး​ပျော်ပါးရင်း​​သေဆုံးတာနှစ်​ပေါင်းများစွာကြာပြီဖြစ်တဲ့ အ​ရိုးစုတစ်စုကို ​သွား​တွေ့ပါတယ်၊အဲဒီအရိုးစုဟာ ဘယ်သူဘယ်ဝါဆိုတာ ​​ဖော်ထုတ်ဖို့ကြိုးစားရင်းလီယာတစ်​ယောက် အိပ်​​ပျော်သွားပြီး ​​နောက်တစ်ရက် ပြန်နိုးလာချိန်မှာ၁၉၉၁ခုနှစ်ကို ​အစ္စ​မေးဆိုတဲ့ ​ကောင်​လေးအ​နေနဲ့ ​ရောက်ရှိ​နေတာပါ၊အစ္စ​မေးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ရက်တာရှင်သန်ရင်းပစ္စုပ္ပန်ကာလမှာ သူ​ရှာတွေ့ခဲ့တဲ့အ​လောင်းဟာ အစ္စ​မေးဖြစ်​နေ​ကြောင်း သိရှိပြီး ပြန်နိုးလာပါ​တော့တယ်။ ဒါ​ပေမဲ့လီယာတစ်​​ယောက် အစ္စ​မေးအ​ဖြစ် တစ်ရက်ပဲနေခွင့်ရလိုက်ပြီး ​နောက်​နေ့အိပ်ရာနိုးချိန်မှာ​ အ​​မေဖြစ်သူကာရင်းရဲ့ ၁၉၉၁ဗားရှင်းထဲ ​ရောက်​​​နေပြန်ပါတယ်၊မိဘ၂ပါးဖြစ်တဲ့ စတက်ဖန်နဲ့ကာရင်းက အစ္စ​မေးနဲ့ သူငယ်ချင်း​တွေမှန်း သိလိုက်ရ​တဲ့​နောက်တစ်ညကို တစ်ဘဝစီ အိပ်မက်ကမ္ဘာထဲမှာ စုံစမ်းရင်းအစ္စ​မေးအမှုနဲ့ပတ်သတ်​နေတဲ့ လူ ၇​​ယောက်ရဲ့ ၇ဘဝတိတိ လီယာတစ်​ယောက် အချိန်ခရီးသွားသလို ကြုံ​တွေ့ခဲ့ရပါတယ်၊ဒီလိုဘဝ​တွေ​ပြောင်းပြီး အမှုမှန်ကိုစုံစမ်းရင်း လီယာတစ်​ယောက် အစ္စ​မေးကိုသတ်ခဲ့တဲ့ တရားခံကို​ဖော်ထုတ်နိုင်မှာလား၊အထက်ပါ လူ၇​ယောက်ကြားမှာ ဘယ်လိုပတ်သတ်မှု​တွေရှိခဲ့လဲ၊ အဆိုပါပတ်သတ်မှု​တွေက ပစ္စုပ္ပန်ထိ ပါလာဦးမလားဆိုတာကို သဘာဝလွန်ဆန်ဆန် ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery Quality….WEB-DL 1080p File size…600MB Format…mp4 Duration….41min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း