The Scandal of Chunhwa
The Scandal of Chun Hwa (2025) အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး နန်းတွင်းအချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် မင်းသမီး Go Ara၊ မင်းသား Chang Ryul နဲ့ SF9အဖွဲ့ဝင် Chani တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲသစ်ကလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းကတော့.. တော်ဝင်မိသားစုရဲ့ အငယ်ဆုံးမင်းသမီးလေးဖြစ်တဲ့ ဟွာရီ (Go Ara) ဟာ အချစ်ဦးနဲ့လွဲခဲ့ရပြီး လက်ထပ်ဖို့ အသက်အရွယ်လည်းရောက်ပြီမလို့ သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကို ကိုယ်တိုင်ရွေးချယ်ချင်တာကြောင့်ရော ကာမရမ္မက်နှိုးကြွစေတဲ့ ချွန်းဟွာပန်းချီကားမှာ သူမရဲ့မျက်နှာကို အဓိကအမျိုးသမီးဇာတ်ကောင်အဖြစ် ထည့်ရေးဆွဲခဲ့တဲ့သူကို ရှာချင်တာကြောင့်ရော နန်းတော်ပြင်ပကိုထွက်လာခဲ့ပါတယ်။ ချွဲဟွမ် (Chang Ryul)ကတော့ မြို့တော်ရဲ့အချမ်းသာဆုံး ရုပ်ရည်ချောမောတဲ့ ကုန်သည်လူရှုပ်လေးဖြစ်ပြီး သူ့မှာ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်။ အီဂျန်ဝန်း (Chani) ကတော့ ဂုဏ်ထူးဆောင်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့အပြင် ခန့်ညားပြီး ဉာဏ်ကောင်းလွန်းတာကြောင့် မျိုးရိုးမြင့်မိသားစုတွေကြားမှာ စံပြသမက်ပုံစံလေးအဖြစ် ရေပန်းစားတဲ့သူလေးပေ့ါ။ ဒါကြောင့် မင်းသမီးလေးဟွာရီက သူမရဲ့ခင်ပွန်းလောင်းကို ဘယ်လိုရွေးချယ်သွားမလဲ။ သူမရဲ့မျက်နှာကို ချွန်းဟွာပန်းချီကားထဲ ထည့်ရေးဆွဲခဲ့တဲ့သူကိုရော ရှာတွေ့သွားမလား။ နန်းတွင်းအချစ်ဇာတ်လမ်းဆိုတဲ့အတိုင်း သခင်လေး ချောချောလေးတွေ အများကြီးပါမှာမလို့ မလွတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေများနှင့် ဇာတ်ဝင်ခန်းများ ပါရှိတဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ။) (အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်။) Aired: Feb 6, 2025 - ? Aired On: Thursday Genres: Historical, Romance, Drama Episodes: 10 Original Network: TVING Translated by Esth, Hnin Wai Oo, Vanessa, Su Sandi & Htoo Htoo Aung Encoded by Tiff
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း