ဇာတ်ကားများ ရွေးရန်

Mother at Fourteen

2006ဇာတ်လမ်းတွဲအမှတ် 7.0/10

Jû yon sai no haha (2006) ၁၄ နှစ်အရွယ်ကျောင်းသူလေးတယောက်မှာ ကိုယ်ဝန်ရှိလာတဲ့အခါလွန်ခဲ့တဲ့နှစ်တွေက မြန်မာကားအများစုမှာ အိမ်ထောင်ရေးပြဿနာတွေ တဒင်္ဂစိတ်လွတ်လို့ ဘဝပါပျက်ရတာတွေကို ဇာတ်ဆင်ဖွဲ့ရိုက်ကြပေမယ့် ပေါ့ပေါ့လေးရိုက်တဲ့အချိန်မှာ ပေါ့ပေါ့လေးထွက်လာပြီးအနှစ်သာရနဲ့ပညာပေးဆိုတာဘယ်နားနေခဲ့မှန်းမသိပါဘူး။ဒါပေမယ့် ဒီဇာတ်လမ်းတွဲလေးမှာတော့ တကယ့်ဒရာမာအရသာစစ်စစ်ကိုခံစားရပြီး ကြည့်ပြီးတဲ့အခါ ကြည့်ရကျိုးနပ်လိုက်တာလို့ခင်ဗျားတို့တွေးနေရပါလိမ့်ဆိုတာ ကျွန်တော်အာမခံရဲပါတယ်။ ၁၄ နှစ်အရွယ်ကျောင်းသူ အီချိနိုဆေး မီကီသူကတော့ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနဲ့အပူအပင်မရှိ နေ့စဉ်ဘဝဖြတ်သန်းနေသူလေးမောင်လေးတယောက်ရှိပြီး အဖေနဲ့အမေနဲ့ကလည်း အလုပ်ကြိုးစားလို့သာယာချမ်းမြေ့တဲ့ မိသားစုရိပ်မြုံပိုင်ဆိုင်ထားရတယ်။တဖက်က ဆာတိုရှီ ကီရီနို ဖခင်ဆုံးသွားတဲ့နောက်အမေဖြစ်သူရဲ့ကြီးမားတဲ့မျှော်လင့်ချက်တွေအောက်မှာဖိအားတွေနဲ့လှုပ်ရှားနေရသူ။ ဒီကလေးနှစ်ယောက်ဆုံတွေ့မိပြီးမထင်မှတ်ထားတဲ့အခြေအနေတခုမှာ မှားယွင်းမိတဲ့အခါ။ အပြင်လောကမှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ယှဉ်ပြီးဆယ်ကျော်သက်မိန်းကလေးအတွက် ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းနဲ့ အန္တရာယ် နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကိုမြင်သာထင်သာအောင်အကောင်းဆုံး message ပေးထားနိုင်တဲ့ဇာတ်လမ်းတွဲတပုဒ်ပါ။မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုဘယ်လိုထိန်းသိမ်းသင့်လဲ။နှစ်ဦးသဘောတူပဲဖြစ်စေ အဓမ္မအပြုခံရသည်ဖြစ်စေဒီလိုအခြေအနေရောက်လာရင်ရော ကိုယ်ဆိုရင်ဘယ်လိုဖြေရှင်းမှာလဲ။၁၄ နှစ် ၁၅ နှစ်အရွယ်တွေမှာ ချစ်ပိုင်ခွင့်မရှိဘူးလား။သင်သာ မီကီရဲ့ဆွေမျိုးသားချင်းဖြစ်ခဲ့ရင် ဘယ်လိုအကြံပေးမိမလဲ။မီကီကရော ပတ်ဝန်းကျင်ကိုရင်ဆိုင်ပြီး ကလေးကိုမီးဖွားနိုင်မှာလား။ ၂၀၀၆ အောက်တိုဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိNTV ကနေထုတ်လွှင့်ပြသခဲ့တဲ့ ဒီစီးရီးဟာ ကြာချိန် ၄၄ မိနစ်ပျှမ်းမျှနဲ့ အပိုင်း ၁၁ ပိုင်းပါဝင်ပါတယ်။ ဆာတိုရှီနေရာကနေAttack On Titan ရဲ့ မင်းသားချော ဟာရုမာ မိရုရာ ကပါဝင်သရုပ်ဆောင်ထားပါတယ်။ မီကီအဖြစ်သရုပ်ဆောင်ထားတဲ့မိရာအိ ရှီဒကလည်း ဒီစီးရီးရိုက်ကူးချိန်မှာ အပြင်မှာလည်းတကယ် အသက် ၁၄ နှစ်ပဲရှိခဲ့ပြီး ဇာတ်လမ်းမှာအရွယ်နဲ့မလိုက်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကိုချပြသွားနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုမကြည့်လိုက်ရရင်ဖြင့် လူဖြစ်တော့မရှုံးပေမယ့်ခံစားချက်တခုခုတော့ရှုံးပါလိမ့်မယ်။ ဘာသာပြန်သူကတော့ DAIGattai Fansub Teamမှ Thae Su Eainဖြစ်ပြီး ဇာတ်ညွန်းကိုတော့ Ko Aung Zaw Sanမှ ရေးသားပေးထားပါတယ် File Size : 298MB Quality : 720p Xvid Average Running Time per Episode: 44 minutes Format : Mp4 Genre : Drama, Family IMDB Rating: 7.6/10 Subtitle : Myanmar Subtitle (Hard Sub) Source : 1280×720 DivX640 Translated by Thae Su Eain (DAIGattai Fansub team) Encoded by Kyaw Ye Aung

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း