ဇာတ်ကားများ ရွေးရန်

Feria: The Darkest Light

2022ဇာတ်လမ်းတွဲအမှတ် 6.7/10

Feria: The Darkest Light (2022) IMDb Rating - 8.1/10 Netflixရဲ့ ဒီ​နေ့ထွက် စပိန် thriller ဇာတ်လမ်းတွဲဖြစ်ပြီး၈ပိုင်းအပြီး ထွက်ရှိထားတဲ့ Cultအသား​ပေး horror,mysteryနဲ့ thriller seriesပဲဖြစ်ပါတယ်ကိုးကွယ်ယုံကြည်ရာတစ်ခုကို မျက်စိစုံမှိတ် နားပိတ်ပြီးအမှားကိုအမှန်ထင်၊ အမှန်ပြင်​ပေမဲ့ အမှားမမြင်တဲ့အခါအစွန်း​​​ရောက်ဖြစ်လာသလို ​နောက်ဆက်တွဲအ​ဖြစ် ဥပါဒန်​ကြောင့်ဥပဒ်သင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ဆိုးကျိုး​တွေကပ်ပါလာတတ်ပါတယ်။ တစ်ခါတ​လေမှာ ကိုယ်က ပြုသူမဟုတ်ရင်​​တောင် ကိုယ့်​ဆွေမျိုး​တွေ မိတ်​ဆွေ​တွေရဲ့ လုပ်ရပ်က ကိုယ့်ကိုစက်ကွင်းမလွတ် ဖြစ်​စေပါ​သေးတယ်၊ ဒီSeriesမှာ အဲဒီစက်ကွင်းရဲ့ဒဏ်ကိုခံရသူ​တွေက​တော့ အယ်ဗာနဲ့ဆိုဖီယာတို့ ညီအစ်မ၂​ယောက်ပဲဖြစ်ပါတယ်။ သူတို့ရဲ့မိခင် အယ်လယ်နာဟာ Cult of Lightအသင်း​တော်ရဲ့ အ​ရေး​ပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂိုဏ်းရဲ့Ritualအတွက်လူ​ပေါင်း၂၃​ယောက်ကို ​သေဆုံး​စေသူအဖြစ် သံသယရှိခံရသူဖြစ်​နေပါတယ်၊ မိခင်ရဲ့ကိုးကွယ်ယုံကြည်မှု​ကြောင့်ဖြစ်လာတဲ့အကျိူးဆက်​တွေကို ညီအစ်မ၂​ယောက် ခါးစည်းခံရင်း မိခင်​​ပျောက် လိုက်ရှာရမှ ထိုCultရဲ့ အတွင်းလျှို့ဝှက်ချက်​တွေ၊သဘာဝလွန်ဖြစ်ရပ်​တွေနဲ့မှ ​တည့်တည့်သွားတိုးမိ​လေရာ...။ Cult genreရဲ့ထုံးစံအတိုင်း ယစ်ပူ​​ဇော်မှုဓ​လေ့​တွေ၊ ​​သွေးသံရဲရဲပြကွက်​တွေပါဝင်သလို စပိန်ဇာတ်လမ်း​တို့ ထုံးစံအတိုင်းEroticဆန်ဆန် scene​တွေလည်း အ​တော်ပါဝင်တာမလို့မိသားစုနဲ့အတူကြည့်ရှုဖို့​တော့ သိပ်မသင့်​တော်ပါဘူး။ (ဒီဇာတ်လမ်းဟာ စုစုပေါင်း(၈)ပိုင်းတစ်ပြိုင်တည်းထွက်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (460 MB) Quality – WEBDL 720p Duration - 56 mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Thriller, Horror Translator – CM Team Encoder – SWM

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း