ဇာတ်ကားများ ရွေးရန်

Erased

2017ဇာတ်လမ်းတွဲအမှတ် 7.3/10

Bokudake ga Inai Machi 2017 ဒီ Japan Mini TV Series လေးဟာအပိုင်း ၁၂ ပိုင်းပဲ ထွက်ရှိထားပြီး IMDb 8.1 ထိ ရရှိထားပါတယ် English Title ကတော့ Erased ပါတဲ့...ဇတ်လမ်း ပုံစံကတော့ ဆာတိုရူ ဆိုတဲ့ ကောင်လေးဟာသူ့ ငယ်ဘ၀ မှာ ကျောင်းနေဘက် သူငယ်ချင်း တစ်ချို့ကိုကလေးလူသတ်သမား က ကွင်းဆက် သတ်ဖြတ်မှု အဖြစ်တစ်ယောက်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတယ် ဒီလို အတွေ့အကြုံတွေနဲ့ ဆာတိုရူ ဟာ အသက်ကြီးလာခဲ့တယ်ကံကောင်းစွာနဲ့ အဲ့ဒီအထဲ သူတော့ မပါခဲ့ပါဘူးဘာလို့လဲ ဆိုတော့ ကွင်းဆက် လူသတ်သမားကို ဖမ်းဆီးသွားကြလို့ပါဖမ်းဆီးသွားကြတဲ့ ကွင်းဆက်သမား လူသတ်သမားဆိုသူကလဲလူသတ်သမားလို့ ထင်လောက်စရာမရှိတဲ့ သာမန်လူရိုး လူအေး တစ်ဦးပါပဲဒီလိုနဲ့ ဆာတိုရူ အရွယ်ရောက်လာတဲ့ အခါ သူ့မှာ ထူးခြားတဲ့ဖြစ်ရပ်ဆန်း တစ်ချို့ ဖြစ်ပျက်လာပါတော့တယ်...အာ့တာကတော့ ဆာတိုရူ ဟာ ဘယ်အရာကို မဆို မဖြစ်လာခင်ကြိုကြိုမြင်တက်တာပါပဲ...ဆာတိုရူ ရဲ့ ဝါသနာကတော့ မန်ဂါ ကာတွန်း ရေးဆွဲတာဖြစ်ပြီးကံမကောင်းစွာနဲ့ သူ့ကာတွန်းကို ထုတ်ဝေဖို့ ဘယ်ထုတ်ဝေသူမှစိတ်မဝင်စားကြပါဘူး သူကတော့ လက်မလျှော့ပဲ အပြင် အလုပ်တွေလုပ်ပြီး ကာတွန်း ဆက်ဆွဲနေခဲ့ပါတယ်...တစ်ရက်မှာတော့ ပီဇာ လိုက်ပို့ရင်း အဖြစ်အပျက် တစ်ခုကိုအရင်က ဖြစ်ပျက်ခဲ့ဖူးသလို ခံစားလိုက်ရပြီး ကလေး ငယ် တစ်ယောက်ကားတိုက်ခံရမလို ဖြစ်နေရာကနေ ကြိုမြင်နိုင်တဲ့ အစွမ်းကြောင့်ကယ်တင်လိုက်နိုင်ပါတယ်...ဒါပေမယ့် သူပြန်ပေးဆပ်လိုက်ရတာကတော့ ကားတစ်စီးနဲ့ တိုက်မိပြီးဆေးရုံရောက်သွားတာပါပဲ...ဒီနောက်ပိုင်း ဘယ်လောက်ထိ သူ ပြင်ဆင်လို့ရမလဲ စိတ်ဝင်စားဖို့တစ်ဖြေးဖြေးကောင်းလာတယ် သူ ငယ်ငယ်က ဆုံးရှုံးခဲ့ရတဲ့သူငယ်ချင်းတွေကို ပြန်ကယ်ဖို့ထိ သူငယ်ငယ်က ဘ၀ လေးကိုပြန်ရောက်သွားတယ် လူသတ်သမား ရန်ကနေ သူငယ်ချင်းတွေကိုကာကွယ်ဖို့ အတွက် ဆာတိုရူ က အသက် ၁၀ နှစ်လောက်ပဲ ရှိသေးတယ်သူ ဘယ်လိုတွေ ဆောင်ရွတ်မလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းလွန်းလို့ ကျနော်ကတော့ အပိုင်း ၁၂ ထိ ဆက်တိုက်ကြည့်ဖြစ်သွားခဲ့တယ် လုံး၀ ပျင်းစရာမကောင်းအောင်လှည့်ကွက်လေးတွေ နဲ့ ဟင်ခနဲ ဟာခနဲ ဖြစ်အောင်ဆွဲဆောင်သွားနိုင်ခဲ့တယ်...အချိန်အရမ်းမပေးချင်ပဲ ဇတ်လမ်းတွဲ ကောင်းကောင်းကြည့်ချင်သူတွေ ဒီ ဇတ်လမ်းတွဲ ကြည့်သင့်တယ်လို့ညွှန်းဆိုပါတယ် .... Channel Myanmar Translator May Thazin Soe လက်ရာနဲ့Channel Myanmar တွင် အောက်ပါ Link မှ ဝင်ရောက် ကြည့်ရှုနိုင်ပါပြီ

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း