ဇာတ်ကားများ ရွေးရန်

Unmarried Hot Mom

2022ဇာတ်လမ်းတွဲ

Unmarried Hot Moon ဒီတစ်ခါမှာတော့ CM ကနေ Unmarried Hot Moonဆိုတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကတော့ Who Rules the World ဇာတ်ကားထဲက Bai Li Jing အဖြစ် သရုပ်ဆောင်ထားတဲ့ Wang Xiu Ze , Walk into Your Memory ထဲက Liu Rui Qiao တိုက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ စူးရှပြီးလှပလွန်းနေတဲ့ Man Ni ကချစ်သူကောင်လေးနဲ့ သဟဇာတမဖြစ်တဲ့အတွက်ကြောင့် လမ်းခွဲလိုက်တာပေါ့။ လမ်းခွဲပြီးသုံးလအကြာမှာ Man Ni က ကိုယ့်ကိုယ် ကိုယ်ဝန်ရှိနေတယ်ဆိုတာတွေ့လိုက်ရတယ်။ ဒါပေမဲ့ကံမကောင်းစွာနဲ့အရင်ရည်စားဟောင်းက ချစ်သူကောင်မလေးအသစ်နဲ့ မကြာခင်လက်ထပ်ယူတော့မှာဖြစ်တယ်။ ဒီလူ့ဘဝထဲကိုမရောက်လာသေးတဲ့အသက်တစ်ချောင်းကို မဆုံးရူံးချင်တဲ့အတွက်, Man Ni ကဒီကလေးကိုမွေးဖိုဆုံးဖြတ်လိုက်တော့ လက်မထပ်ရသေးတဲ့ single mother တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီတော့ လက်မထပ်ရသေးတဲ့ single mother အနေနဲ့ ဂုဏ်သိက္ခာနဲ့ကလေးအတွက် ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုရှာဖွေရေးအလုပ်နဲ့ဝင်လုပ်တာပေါ့။ ကဲဒီတော့ CM ချစ်ပရိသတ်ကြီးရေ အလုပ်ရဲ့ဖိအား,ကလေးရဲ့ကိစ္စအရပ်ရပ်တွေကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ Man Ni အဖို ဒီအရာတွေကိုကျော်လွှာနိုင်မလား။ လက်မထပ်ရသေးတဲ့ single motherအနေနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ Unmarried Hot Moon ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Quality : WEB-DL 720p Total Episodes : 12 Format : mp4 Genres : Romance,Family Duration : 30 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း