Übel Blatt
ဒီတစ်ခေါက်မှာကျ ဇာတ်လမ်းလည်းအဆင်ပြေမယ် Action တွေကလည်း သွေးထွက်သံယို ခြေပြတ်လက်ပြတ် ခါးပြတ်ခေါင်းပြတ်နဲ့ ကြမ်းပေ့ရမ်းပေ့ အသေကြုံးမယ့်ဆိုတဲ့ Dark Fantasy စွန့်စားခန်း အမျိုးအစား Anime လေး လာပြီဗျာ။ ဇာတ်တည်ထားတာက စိတ်ကူးယဉ်ကမ္ဘာပေါ့ အရိပ်နယ်မြေလို့ခေါ်တဲ့ Wischetech တိုင်းပြည်က နယ်စပ်ထိ လာကျူးကျော်မှာကို စိုးရိမ်လို့ အင်ပါယာကနေ သူရဲကောင်း ၁၄ ဖော်ကို စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ စစ်ပွဲအပြီးမှာ သတင်းထွက်လာတယ် ၃ ယောက် သေဆုံးတယ် ၄ ယောက်က သစ္စာဖောက်တယ်ဆိုပြီး ၇ ယောက်ပဲ ကျန်တော့တယ်။ အဲဒါတွေဖြစ်ပျက်ပြီး နှစ်ပေါင်း ၂၀ ကျော်မှာ သူရဲကောင်း ၇ ဖော် ယူဆောင်ပေးတဲ့ ရွှေခေတ်ရောက်နေပြီပေါ့။ နယ်စပ်မြို့လေးမှာ သူရဲကောင်းတွေ အုပ်ချုပ်တဲ့ ငြိမ်းချမ်းတဲ့ “တစ်ဖက်ကမ်း” ဆိုတာကို နယ်စပ်ဒေသက ဒုက္ခသည်တွေက သိပ်သွားချင်ကြတယ်။ ဒါပေမဲ့ သွားချင်တိုင်းသွားမရကြဘူး နယ်စပ်ကို အုပ်ချုပ်နေတာက နာမည်ခံ ဘုန်းတော်ကြီးတွေ ဟိုဖက်ကမ်း ကူးချင်ရင် လှူဒါန်းပါတယ်ဆိုပြီး လာဘ်ထိုးမှ ခရီးသွားလာခွင့် ရတာမျိုး။ ဒီတော့ MC ရယ် ကလေးမလေးတစ်ယောက်ရယ် ကိုယ်ပိုင်အကြောင်းပြချက်နဲ့ ဘဲကြီးတစ်ပွေရယ် သူတို့ ၃ ယောက်ကို မှောင်ခိုလုပ်ပေးမယ့် မိန်းမတစ်ယောက်ရယ် ၄ ယောက်သား စွန့်စားခန်းထွက်ရာကနေ MC က ဘာကောင်လဲ ဘာလို့ ဒီလို ရည်ရွယ်ချက် ရှိနေရတာလဲ အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ စသဖြင့်မေးခွန်းတွေနဲ့အတူ အလန်းစား ဖိုက်တင်ခန်းတွေနဲ့ တဖြည်းဖြည်း ပုံဖော်တင်ဆက်သွားမယ့် Anime အသစ်လေး ဖြစ်ပါတယ်။ Anime ကို ကြမ်းတယ်ဆိုပြီး Manga မှာ သွားစပ်စုကြည့်လိုက်တာတော့ ဆီနဲ့ရေလို ဖြစ်သွားတာတော့ ဘဝင်မကျမိဘူး။ Anime မှာ အိပ်ရာပေါ်ကအခန်းတွေ ဆင်ဆာကြောင့် နားလည်းပါးရိုက် ဖြုတ်ချခဲ့တာကို နားလည်ပေမဲ့ တချို့ Action ခန်းတွေ ကျန်ခဲ့တာကျ သိပ်မမိုက်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမဲ့လည်း Anime အနေနဲ့ချည်းဆို တော်တော် Enjoy ဖြစ်စေမှာတော့ သေချာပါတယ်၊ အပတ်စဉ် အတူတူစောင့်ကြည့်ကြတာပေါ့ဗျာ။ File size… 450 GB Quality… WEB-DL 1080p Format… mp4 Duration…. 23m Genre ..... Action, Advemture, Dark Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း