ဇာတ်ကားများ ရွေးရန်

Midsummer is Full of Love

2020ဇာတ်လမ်းတွဲအမှတ် 5.6/10

မတည့်အတူနေ ကြောင်နဲ့ကြွက်ဇာတ်လမ်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ရုပ်ချောချောချိမချိဖတို့အတွက် ချစ်စံအိမ် (Full House) တရုတ် Version လေးလာပါပြီနော် ဇာတ်ကားဟောင်းလေးကိုပဲ Version တစ်မျိုးနဲ့ ပြန်လည်အသက်သွင်းထားပေမယ့် ဇာတ်လမ်းကျောရိုးလောက်ပဲ ဆင်ပါတယ် သေချာတာပေါ့ မင်းသမီးမသိအောင်သူ့သူငယ်ချင်းက သူ့အဖေအမွေပေးခဲ့တဲ့အိမ်ကြီးကို ရောင်းစားထားမယ် မင်းသားကဝယ်ထားတယ် ပြီးကျ သတင်းတွေကောလဟာလတွေကြောင့် မင်းသမီးကို အိမ်ပြန်ပေးမယ်လို့ အပေးအယူလုပ်ပြီး ဟန်ဆောင်လက်ထပ်မယ် ဒုတိယမင်းသားကတော့ ဆရာဝန်ပါ မင်းသမီးကို ကြိုက်မှာပါ မင်းသားနဲ့မင်းသမီးကလည်း တစောင်းစေးနဲ့ မျက်ချေး မြင်တာနဲ့တစ်ကျက်ကျက် အဆင့်ကနေ မတည့်အတူနေ မမြင်ရင်ချောင်းကြည့်အဆင့်အထိ တဖြည်းဖြည်း တိုးတက်လာမှာကိုလည်း မြင်တွေ့ရမှာပါ ဟုတ်ပါတယ် ဇာတ်လမ်းအသွားအလာတူပေမယ့် မတူညီတဲ့ ဇာတ်ဝင်ခန်းတွေ မတူညီတဲ့ ရှုခင်းတွေ မတူညီတဲ့ ချစ်စရာမင်းသား မင်းသမီးလေးတွေ ဇာတ်ကောင်အသစ်တွေ ရန်ဖြစ်ပုံအသစ်တွေနဲ့ ဇာတ်လမ်းပြီးအောင်ခေါ်ဆောင်သွားခံရမှာမို့လို့ အချစ်ဇာတ်ကားလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းကောင်းလေး ဖြစ်ပါတယ် Translated By Yamin Ei , Naychii , Htoo Htoo Ka Joe , Ei Pyae , Nu Mon Encoded By LK

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း