ဇာတ်ကားများ ရွေးရန်

Two Summers

2022ဇာတ်လမ်းတွဲအမှတ် 6.8/10

Two Summers (2022) Thriller-Mystery seriesပိုင်းမှာ အင်္ဂလိပ်စကား​ပြော မဟုတ်တဲ့series​တွေဟာအဆင့်အတန်း တစ်ခုထိရှိ​ကြောင်း Netflix က​နေအကြိမ်ကြိမ် သက်​သေပြ​​ထားသလိုဒီတစ်​ခေါက်မှာလည်း IMDb 7.0 ရှိပြီး Total Epi၆ပိုင်းတည်းနဲ့ Thriller အရသာကို အပြည့်အဝခံစားရ​စေမယ့်ထူးထူးခြားခြား ဘယ်ဂျီယမ် မီနီစီးရီး​​​လေး တစ်ခုတင်ဆက်​ပေးလိုက်ပါတယ်။ ငယ်ငယ်ကတည်းက ပေါင်းလာကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုဟာ​​နွေရာသီတစ်ခုမှာ ပျော်ပွဲစားထွက်လာရင်း မ​တော်တဆတစ်ခု​ကြောင့်အဖွဲ့ထဲက သူငယ်ချင်းတစ်​ယောက် ​သေဆုံးသွားပြီး​နောက်ပိုင်းအဖွဲ့​တွေကွဲ၊ အဆက်အသွယ်​​တွေပြတ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ​​ရှေ့ဆက်လာရင်းနှစ်၃၀အကြာ လက်ရှိကာလမှာ ကွဲ​နေတာကြာပြီဖြစ်တဲ့ ငယ်​ပေါင်းကြီး​ဖော်​တွေ​နွေဥတုတစ်ခုမှာပဲ ပြန်လည်ဆုံ​တွေ့ပြီး ကျွန်းတစ်ခုကို အပန်း​ဖြေခရီး ထွက်လာကြပါတယ်။ ဒါ​ပေမဲ့ သူတို့ရဲ့ခရီးစဉ်ဟာ ​ပျော်ဖို့ကောင်းမ​နေဘဲ လွန်ခဲ့တဲ့နှစ် ၃၀​ပျော်ပွဲစားတုန်းက အဖွဲ့ထဲက ​ယောကျ်ား​​လေး​တွေ ကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုကိုသက်​​သေနှင့်တကွ ခြိမ်း​​ခြောက်ပြီး ​ငွေညှစ်လာတဲ့အဖြစ်နဲ့ ကြုံ​တွေ့လာရပါတယ်။ အဲဒီသက်​​သေဆိုတာက ထိုအချိန်ကတည်းက ဖျောက်ဖျက်ပြီးသား သက်​သေဖြစ်​နေလို့ငွေညှစ်သူအ​နေနဲ့ ဒီအ​ထောက်အထားကို ဘယ်က​ရလာသလဲဆိုတာ ပ​​ဟေဠိဖြစ်​နေသလိုခြိမ်း​ခြောက်သူဟာ ဒီပြစ်မှုအ​ကြောင်းကို သိထားတဲ့ ဒီ သူငယ်ချင်း​တွေထဲကပဲ ဖြစ်မယ်ဆိုပြီး သံသယ​တွေ ဝင်လာကြပါတယ်။ သူတို့အ​နေနဲ့ တရားခံကို ရှာ​တွေ့သွားမလား၊သူတို့ထင်ထားသလို ​ငွေညှစ်သူအစစ်က သူငယ်ချင်း​တွေထဲကပဲလား၊​ငွေညှစ်သူကပဲအဲဒီသက်​သေအ​ထောက်အထားကို လူသိရှင်ကြားပြပြီး သူတို့ကို ဒဏ်ခတ်သွားမလား၊ဟိုအရင်နှစ်၃၀ ​နွေကာလတစ်ခုမှာ မှားခဲ့တဲ့အမှားတစ်ခုဟာပစ္စုပ္ပန်​နွေကာလ​အထိ သူတို့ကို ​သောကမီး​​တွေ ဘယ်​လောက် ​လောင်မြိုက်​စေမလဲဆိုတာကို ကြည့်ရှုရမှာပါ.... အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ဘာသာပြန်တွေကတော့ JimX, Leonard Lin, Soe Htun Aung, Leo, Kuz, Zaw Myo Thu တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Drama, Mystery Quality…. 1080p File size… 800MB Format… mp4 Duration…. 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX, Leonard Lin, Soe Htun Aung, Leo, Kuz, Zaw Myo Thu Encoder ..... August

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း