ဇာတ်ကားများ ရွေးရန်

When a Snail Falls in Love

2016ဇာတ်လမ်းတွဲအမှတ် 7.4/10

Action Crime Romance အမျိုးအစား တရုတ်စီးရီးလေးပါ။ ပထမဆုံးစတင်ပြသတဲ့ အပတ်မှာတင် အွန်လိုင်းမှာ ကြည့်ရှုသူ 200 million ထိရှိခဲ့ပြီး ဒုတိယအပတ်မှာတော့ ကြည့်ရှုနှုန်း  1 billion ကျော်သွားတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ ကြည့်ရှုသူတွေပေးတဲ့ Viki rating မှာ  9.8/10 ထိကို ရထားပါတယ်။  ဇာတ်ညွှန်းရေးထားတဲ့သူကလည်း ကျွန်တော်တို့ CM က တင်ဆက်ပေးခဲ့တဲ့ “Love me if you dare” Crime မှုခင်းဇာတ်လမ်းတွဲကို ရေးသားခဲ့တဲ့သူဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းမယ်ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ ဆုတွေအနေနဲ့လည်း Drama of  the year ( Drangon year), Quality Network Drama of the year နဲ့ Top 10 Drama of the year စသဖြင့် ဇာတ်ကားဆုတွေရထားသလို မင်းသားမင်းသမီးတွေပါ ဆုတွေအသီးသီးရထားတဲ့ မှုခင်းကားကောင်းကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကို ပထမဆုံးစိတ်ဝင်စားသွားမိတာက အပိုင်း ၁ကို မြန်မာပြည်မှာ ရန်ကုန်မြို့ကြီးမှာ လာရိုက်ရိုက်ကူးထားလို့ပါ။ မင်းသားက အမှုစုံစမ်းရင်းနဲ့ ရန်ကုန်ကို ရထားနဲ့ ရောက်လာတာပါ။ ရန်ကုန်မြို့လယ်က ရှုခင်းအလှတွေ ……… မြန်မာပြည်ရထားပေါ်က နေ့ခင်းကြောင်တောင် ခါးပိုက်နှိုက်တွေ၊ သွက်လက်ထက်မြက်တဲ့ မြန်မာနိုင်ငံကရထားရဲတပ်ဖွဲ့ စကာတွေကိုပါ တစ်စိတ်တစ်ဒေသ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……. “ကျီပိုင်” ဆိုတဲ့ ရာဇဝတ်မှုစုံစမ်းရေးရဲအရာရှိက သွက်လက်ထက်မြက်ပြီး မှုခင်းစုံစမ်းနေတဲ့မှာလည်း ဆရာတစ်ဆူလို ရဲလောကမှာ နာမည်ကျော်ကြားနေတဲ့သူပါ။ သူရဲ့ခံယူချက်က ရဲတပ်ဖွဲ့တစ်ယောက်ဟာ ကျန်းမာကြံခိုင်ပြီး သွက်သွက်လက်လက်လူမျိုးပဲ ဖြစ်ရမယ်။ သူတပ်ဖွဲ့မှာဆိုရင် ပျော့ညံ့တဲ့ မိန်းကလေးအရာရှိတွေမလိုချင်ဘူး။ သူ့ကြောင့် သူ့တပ်ဖွဲ့မှာ ရဲမေ မရှိပါဘူး။ တစ်နေ့တော့ စိတ်ပညာကျွမ်းကျင်ပြီး မှုခင်းထောက်လှမ်းတဲ့ ကောက်ကြောင်းပုံဖော်မှုမှာ ကျွမ်းကျင်တဲ့ရဲမေ “ရွှီရွှီ” ကို ကြံခိုင်ရေးစစ်ဆေးတာ မအောင်ပေမယ့်   အထက်အရာရှိက မှုခင်းထောက်လှမ်းတာတော်လို့ သူတို့ဌာနကို ပို့ပေးလိုက်ပါတယ်။ သူကလည်း သူက မှုခင်းထောက်လှမ်းတာတော်ပေမယ့် ခရုလေးတစ်ကောင်လိုမျိုး လေးလံနှေးကွေးပြီး အေးအေးဆေးဆေးနေတတ်သူလေးပါ။ ဒီလို ဆန့်ကျင်ဖက်လူနှစ်ယောက် ဘယ်လိုရှေ့ဆက်နိုင်ပါ့မလဲ။ တစ်ဖွဲ့တည်းမှာ ဘယ်လိုမှုခင်းတွေကို ဖော်ထုတ်ကြမလဲဆိုတာကို သူတို့ရဲ့မှုခင်းတွေက မြန်မာနိုင်ငံနဲ့ရော ဘယ်လိုပတ်သတ်နေမလဲဆိုတာကိုတော့ ဆက်လက်ရှုစား စောင့်ကြည့်လိုက်ကြပါ။ Translated by Mie Mie Review by Little Twinlay Encode By Thit San Khant

အပိုင်းများ

21 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 21 အပိုင်း

ဇာတ်လမ်းအကြောင်း