High Seas
High Seas ( Season - 1) " တချို့သော လျှို့ဝှက်ချက်တွေက သမုဒ္ဒရာထက် နက်ရှိုင်းတယ် " ဇာတ်လမ်းက ဗီယန်နွယ်ဗာ ညီအစ်မနှစ်ယောက်အမျိုးသမီးတစ်ယောက်ကို သင်္ဘောပေါ်ကိုခိုးတင်ပြီး ကယ်လာခဲ့ရာကနေ စပါတယ်။ သူတို့ကယ်တင်ခဲ့တဲ့ အမျိုးသမီး သင်္ဘောပေါ်ကပြုတ်ကျပြီး သေဆုံးခဲ့ရာကနေ စတင်လာခဲ့တာပါ။ အဲဒီနောက်မှာ လူသတ်မှု လူသေမှုတွေကဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ဖြစ်တာဆိုတော့တရားခံက သင်္ဘောပေါ်ကပေါ့။ ဒါကိုတောင် ရှာရခက်တယ်ဆိုတော့ ဇာတ်လမ်းကဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းမယ်ဆိုတာပြောဖို့ မလိုပါဘူးနော့။ တရားခံရှာရခက်တဲ့ လူသတ်မှုတွေကနေပေါ်လာလိုက်တဲ့ လျှို့ဝှက်ချက်တွေဆိုတာဟာတကယ့်ကို သမုဒ္ဒရာထက် နက်ရှိုင်းလွန်းလှပါတယ်။ စပိန်ကားတွေရဲ့ဝိသေသလို့ ပြောရမယ့် Twist တွေဟာဒီဇာတ်လမ်းမှာ တစ်ပိုင်းထက်တစ်ပိုင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်အောင် ကြည့်ရမှာပါ။တစ်ပိုင်းထက်တစ်ပိုင်း ရှုပ်ထွေးလာသလို တစ်ပိုင်းထက်တစ်ပိုင်းလည်း ရှင်းလင်းလာမှာပါ။တကယ့်ချည်ခင်ထွေးကို ဖြည်ပြသလိုတစ်ဆင့်ချင်းဖြည်ပြသွားတာဟာ ဇာတ်လမ်းရဲ့အနှစ်သာရပါပဲ။ လူ့သဘော လူ့မနောကိုလည်း ဒီဇာတ်လမ်းမှာကောင်းကောင်းတင်ပြထားပါတယ်။ လူကောင်းလို့ထင်ရတဲ့လူတွေရဲ့ Dark Side ကိုမြင်ရမှာဖြစ်သလို လူဆိုးလို့ ထင်ရတဲ့လူတွေရဲ့ကောင်းကွက်ကလည်း ပေါ်လာတတ်ပါတယ်။ လောကဓံရဲ့အလှည့်အပြောင်းတွေဟာတစ်ခါတစ်လေမှာ ထင်မှတ်မထားလောက် ကြီးမားပါတယ်။Season 1 ကတော့ အပိုင်း ၈ ပိုင်းပဲ ပါဝင်ပါတယ်။Season 1 မှာ ထားခဲ့တဲ့ ဇာတ်လမ်းက Season 2 ကိုဆက်ကြည့်ချင်လောက်အောင် ဖြစ်မယ်ဆိုတာ အာမခံပါတယ်။ Netflix က ရိုက်ထားတာဆိုတော့ထပ်ပြီး ညွှန်းစရာ လိုမယ် မထင်တော့ပါဘူး ဘာသာပြန်ထားတာကတော့August, Htet Wai Lwin, Thaw နဲ့Hnyot Myet Wunn တို့ပဲ ဖြစ်ပါတယ်။ High Seas ( Season -2 ) Season 2 မှာတော့ သင်္ဘောပေါ်ကို လူ (၅)ယောက် ကယ်တင်ပြီးခဲ့တဲ့နောက်မှာတော့ ..... ကာဆန်ဒရာ ဆိုတဲ့ အကြားအမြင်ရနေတဲ့ အမျိုးသမီးတစ်ယောက် ပါလာပါတယ်သူက ဒီသင်္ဘောပေါ်မှာ သရဲ ရှိတယ် ဆိုပါတယ် ဒီသရဲကို မြင်တဲ့လူတွေကလည်း မြင်ကြပါတယ်ဒီသရဲ နဲ့ ဒီသင်္ဘောနဲ့ ဆက်စပ်မှု ရှိရဲ့လား? ပထမတွဲမှာတုန်းက အပိုင်းတိုင်းနီးပါးမှာ Twist ပေါင်းများစွာနဲ့ ဇာတ်ကား။ ခုကားမှာရော ဘယ်လို Twist တွေ လာဦးမလဲ? ဒီကားမှာ လူတွေရဲ့ မမြင်ရတဲ့ တခြားအခြမ်းတွေကိုပါ ပြသသွားပါသေးတယ်။ စပိန်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း လူ့သဘောသဘာဝကို ကျကျနန ဖော်ပြသွားနိုင်ပါတယ်။ ကြည့်မိရင် နောင်တမရစေရမယ့် ဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။ (ဘာသာပြန်တင်ဆက်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်) Quality – 720p NF WEB-DL Duration – 50min (@Episode) Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Mystery Source : .720p.NF.WEBRip.DDP5.1.x264-SPiRiT Translator – CM Team Encoder – Thanhtike Zaw High Seas ( Season - 3 ) နက်ရှိုင်းတဲ့ ပင်လယ်ကြီးထဲကို တစ်ခေါက်အလည်ပြန်ထွက်ရပြန်ပါပြီဗျာ။ ဗီလာနွေဗာတို့ ညီအမဟာ ဘာဘရာ ဒီ ဘရက်ဂန်ဇာသင်္ဘောကြီးနဲ့ ခရီးထွက်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ကာရိုလီနာ ကတော့ ဖာနန်ဒိုနဲ့ အကြောင်းပါသွားပါပြီ။ အယ်ဗာ နဲ့ နီကိုးလက်စ် တို့က သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်နေဆဲပါပဲ။ အယ်ဗာကတော့ နာမည်ကျော် စာရေးဆရာမ ဖြစ်လာခဲ့ပါပြီ။ ဒီဇာတ်လမ်းကတော့ ခရီးစဉ်အသစ်ဖြစ်တဲ့အတွက်ဇာတ်ကောင်အသစ်တွေ ပါလာခဲံပါတယ်။ အခုကတော့ ဗိုင်းရပ်စ်ရာသီပဲ ဖြစ်နေလို့လား မသိပါဘူး။ ဒီဇာတ်လမ်းမှာလည်း သင်္ဘောပေါ် ဗိုင်းရပ်စ်ပါတာကိုအခြေတည်ထားပါတယ်။ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ် တကယ်ပါရဲ့လား မပါဘူးလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာ ဆက်ကြည့်ကြပါခင်ဗျာ။ စပိန်ကားတွေထုံးစံပီပီ စပွိုင်းရင် အကုန်ပေါ်သွားမျာမို့ပါ။ အရင်ဇာတ်လမ်းတွေလိုပဲ မမျှော်လင့်တဲ့အချိုးအကွေ့တွေနဲ့ သင်္ဘောကြီးတစ်စီးကိုအတူတူ စီးလိုက်ရအောင်ပါ.Season 4 ကိုတော့ နဂို စီစဉ်ထားပေမယ့်အခုအချိန်မှာတော့ မဆက်တော့ဘူးလို့ Netflix ကဆုံးဖြတ်ထားပါတယ်တဲ့။ အတွဲ - ၃ နဲ့ နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ Translated By : August , YK , Htoo Htoo Ka Joe , Shoon Thu Thu Chain , Dolly Encoded By : Thit San Khant
အပိုင်းများ
22 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း