ဇာတ်ကားများ ရွေးရန်

History of Scruffiness

2025ဇာတ်လမ်းတွဲအမှတ် 7.1/10

History of Scruffiness (2025) အပိုင်း (၁ မှ ၈) စ/ဆုံး ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ Webtoon Remake ကားလေးက ၂၀၀၀ ခုနှစ်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီး Cast တွေအနေနဲ့ The Uncanny Counter မှ Cho Byeong Gyu ၊ Twinkling Water Melon မှ Ryeoun ၊ The Trauma Code: Heroes on Call မှ Jeong Jae Kwang နဲ့ Jung Yong Ju တို့မှအဓိက ပါဝင်ထားပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ ကိုရီးယားစာပေမေဂျာယူထားတဲ့ ပထမနှစ်ကျောင်းသားလေး Seo Min Gi (Cho Byeong Gyu)ဟာ တွေဝေတတ်၊ အတွေးများတတ်ပေမဲ့ တစ်ခါတလေ ရဲရဲတင်းတင်းလုပ်ကိုင်တတ်သူပါ။ အသက် ၂၀ အရွယ်ကောင်လေးဖြစ်တဲ့အလျောက် အမှားတွေတသီကြီး လုပ်တတ်လေ့ရှိတဲ့ Seo Min Gi တစ်ယောက်ဟာ ရှုပ်ထွေးလှတဲ့အချစ်ရေးကို တွေ့ကြုံခံစားဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းဖြစ်သူ No Jun-Seok (Ryeoun)ဟာ ချောမောတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးပေမဲ့ မိဘတွေဆီကရတဲ့ စိတ်ဒဏ်ရာကြောင့် တစ်ခြားတစ်ယောက်ကို နှလုံးသားတံခါး မဖွင့်ပေးနိုင်သူပါ။ ဒီလိုမျိုး အကျင့်စရိုက်ရှိတဲ့ No Jun-Seok ဟာ တစ်နေ့မှာတော့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံဖို့ဖြစ်လာခဲ့ပါတယ် .. ။ လူတစ်ယောက်ကို အရှုံးသမားဖြစ်သွားစေနိုင်တဲ့ အချစ်နဲ့ ဆက်ဆံရေးကို သူငယ်ချင်းတွေအတူ တွေ့ကြုံခံစားကြရင်း ငိုရင်းရယ်ရင်းနဲ့ ၂၀၀၀ ပြည့်နှစ်ရဲ့ လတ်ဆတ်တဲ့ အနှစ်သာရတွေနဲ့အတူ တက္ကသိုလ် ကျောင်းသားလူငယ်ဘဝဖြတ်သန်းကြပုံကို CM နဲ့အတူ ကြည့်ရှူခံစားလိုက်ရအောင်နော် .. ။ (အညွှန်းကို Su Sandi မှ ရေးသားပေးထားပါတယ်) Episodes: 8 Aired: Feb 26 ,2025 - Mar 19,2025 Aired On: Wednesday Original Network: Watcha, Wavve Genres: Comedy,Romance,Youth , Drama Translated by Toe Toe Aung, Miri, Hsu Pyae, May Thet, Treasure Htet & Vanessa Encoded by AHtet

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း