ဇာတ်ကားများ ရွေးရန်

When Life Gives You Tangerines

2025ဇာတ်လမ်းတွဲအမှတ် 8.5/10

When Life Gives You Tangerines (2025) အပိုင်း (၁ မှ ၁၆) စ/ဆုံး Trailer မထွက်ခင်ကတည်းက ပါဝင်ထားတဲ့ Main Cast တွေကြောင့် စိတ်ဝင်စားမှုများစွာ ရရှိနေခဲ့တဲ့ Park Bo-Gum နဲ့ IU တို့ရဲ့ ဇာတ်လမ်းတွဲလေးဟာ နောက်ဆုံးမှာတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒိတ်ဒိတ်ကြဲ Main Cast တွေဖြစ်တာကြောင့် အထူးတလည် မိတ်ဆက်မပေးတော့ဘူးနော် .. ဇာတ်လမ်းအညွှန်း ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့ အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။ သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့ ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။ 1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ မဖြစ်နိုင်တဲ့ အခြေအနေတွေကြားက မက်ခဲ့ရတဲ့အိပ်မက်တွေ ၊ ဖြူစင်ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို တစ်ယောက် ဘေးနားကနေ ဘယ်လိုအနစ်နာခံပြီး ဖြည့်ဆည်းပေးသွားကြမလဲဆိုတာကို နစ်မြောဖွယ် ကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: Mar 7, 2025 - Mar 28, 2025 Aired On: Wednesday, Thursday Original Network: Netflix Genres: Romance, Life, Drama Translated by Toe Toe Aung, Yati Naing, Chothet, Milkeux, Miri, Khin Ni, Kyoun & May Thet Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း