ဇာတ်ကားများ ရွေးရန်

One Spring Night

2019ဇာတ်လမ်းတွဲအမှတ် 8.1/10

One Spring Night (2019) အပိုင်း (၁ မှ ၁၆) စ/ဆုံး ရိုမန့်စ်အချစ်ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် "Love Next Door, Snowdrop"စတဲ့ နာမည်ကြီးဇာတ်ကားတွေမှ ပျိုတိုင်းကြိုက်တဲ့မင်းသားချော Jung Hae Inနဲ့ "Love Scout, Behind Your Touch"စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီး Han Ji Minတို့ အဓိကပါဝင်ထားတဲ့ မနဲ့မောင် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် .. ။ အီဂျောင်အင်း(Han Ji Min)ဟာ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး ဘဏ်ဌာနမှူး ဂွမ်ဂီဆော့ (Kim Joon Han)နဲ့ ၄နှစ်ကြာအချစ်‌ရေးမှာ ပိတ်မိနေသလိုခံစားရတာမိုလို့ လက်ထပ်ဖို့ကိုလည်း တွန့်ဆုတ်နေသူဖြစ်ပါတယ် .. ။ ယူဂျီဟို(Jung Hae In)ကတော့ ဆေးဝါးပညာရှင်ဖြစ်ပြီး သားလေးရှိတဲ့ single father ပါ။ ဒါ့အပြင် ယူဂျီဟိုနဲ့ ဂွမ်ဂီဆော့တို့ဟာ တက္ကသိုလ်တစ်ခုတည်းတက်ခဲ့တဲ့ စီနီယာ-ဂျူနီယာဆက်ဆံရေးဖြစ်ပါတယ်။ တစ်နေ့မှာ အီဂျောင်အင်းက ယူဂျီဟိုအလုပ်လုပ်တဲ့ အူရီဆေးဆိုင်ကို အရက်နာကျပျောက်ဆေး လာဝယ်တဲ့ အချိန်မှာပဲ နမော်နမဲ့နိုင်တဲ့ အီဂျောင်အင်းကို ဂျီဟိုတစ်ယောက် .. ကိုယ့်စီနီယာရဲ့ ကောင်မလေးမှန်း မသိဘဲနဲ့ စိတ်ဝင်စားမိသွားတဲ့အခါမှာတော့ .... ကောင်လေးကို စိတ်ကုန်နေတဲ့ အီဂျောင်အင်းနဲ့ single father လေး ယူဂျီဟိုတို့ရဲ့ ဆက်ဆံရေးက ဘယ်လို‌ဆက်ဖြစ်သွားမလဲဆိုတာကို ဇာတ်လမ်း‌လေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: May 22, 2019 - Jul 11, 2019 Aired On: Thursday, Wednesday Original Network: MBC Genres:  Romance, Life, Drama Translated by Kyoun, Yati Naing, Theint, Vanessa, Khin Ni, Saung Yu Par & Nyein Sandi Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း