ဇာတ်ကားများ ရွေးရန်

Medusa

2025ဇာတ်လမ်းတွဲအမှတ် 8.2/10

Season 1 အပိုင်း  ( ၁ မှ ၁၂ အထိ ) စ / ဆုံး လျှို့ဝှက်ဆန်းကြယ်ကိုမှ ထူးထူးဆန်းဆန်းလေးနဲ့ ခေါင်းစားရတာမျိုးတွေကြိုက်တဲ့သူတွေအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ Series ကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေစိတ်ကူးပေါက်ရင်ပေါက်သလို ကလေး မကြည့်ရတဲ့အခန်းတွေပါပေမဲ့ ဇာတ်လမ်းကအရမ်းမိုက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် တစ်ခါလောက်တော့အချိန် ပေးကြည့်ထားသင့်တဲ့ Series ကောင်းတွေထဲကတစ်ခု အပါအဝင်ဆိုရင်လည်း မမှားပါဘူး။ နာမည်ကတော့ Medusa ဖြစ်ပြီး အပိုင်း ၁၂ ပိုင်းနဲ့ တ၀ ကြီးရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ အာဏာကြီးမားပြီး အရမ်းချမ်းသာတဲ့ မိသားစုပိုင်ဆေးဝါးသုတေသနကုမ္ပဏီကြီး Medusa ရဲ့ CEO အသစ် ဘာဘရာ အီသာလ်ဂို (Juana Acosta)က သူ့သင်္ဘောပေါ်မှာ မတော်တဆဖြစ်ပြီး မသေရုံတမည်ဖြစ်ခဲ့ကာ အတိတ်လည်းမေ့သွားပါတော့တယ်။ ဒီလိုပြဿနာတွေဖြစ်ခဲ့တဲ့အတွက် သူ့အစ်ကိုဖြစ်သူက CEO နေရာကိုတာဝန်လက်လွှဲယူခဲ့ပြီး ဘာဘရာကတော့ အိမ်မှာပဲ ပြန်အနားယူနေခဲ့ရပါတော့တယ်။သူကတော့ အတိတ်မေ့သွားလို့ ဘာမှမသိတော့ပေမဲ့ တကယ်တမ်းဒီမတော်တဆမှုလို့ခေါ်တဲ့ သင်္ဘောပေါက်ကွဲမှုက လက်တွေ့မှာတော့ မတော်တဆမဟုတ် ကြောင်းကို ဘာဘရာတစ်ယောက် တခြားသူရဲ့အကူအညီနဲ့ သိခဲ့ရပါတော့တယ်။အဲ့ဒီအပြင်ကိုမှပိုထူးခြားတာက ဒီမတော် တဆမှုရဲ့နောက်ကွယ်ကတရားခံကဝေးဝေးလံလံလိုက်ရှာနေစရာ မလိုဘဲ သူ့မိသားစုထဲမှာတင်ဖြစ်နေကြောင်းသိခဲ့ရတဲ့အခါမှာတော့ ဘာဘရာတစ်ယောက် သူ့အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားရင်းနဲ့ သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့တရားခံကဘယ်သူလဲဆိုတာကို ရေလိုက် ငါးလိုက်လေးနေရင်းနဲ့ အဖြေရှာဖော်ထုတ်သွားပြီး Medusa ကုမ္ပဏီကြီးရဲ့အနာဂတ်လည်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။ File Size –737MB  / 375MB Quality –WEB-DL 1080p HEVC / 720p Episodes -  12 Eps Duration -  40 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :   Drama , Thriller Translator – Saw Lay , Yethiha Htet , Aoi , July , Alice Encoder – Min Wai

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း