Secret Relationships
Secret Relationships (2025) စ/ဆုံး CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ လေးပွင့်ဆိုင်ဇာတ်လမ်းလေးအဖြစ် ထူးထူးခြားခြား ကြည့်ရှုရမဲ့ BL Drama လေးပဲ ဖြစ်ပါတယ်... Main Cast တွေအနေနဲ့ကတော့ Boy Group WEi ရဲ့ အဖွဲ့ဝင် Kim Jun-Seo နဲ့အတူ Cha Sun-Hyung , Cha Jung-Woo , Kim Ho-Young တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်... ဇာတ်လမ်းအကျဉ်း ဂျောင်ဒါအွန် (Kim Jun-Seo) ဟာဆိုရင် သူဌေးသားလေးလို နုနယ်ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ဉာဏ်ရည်ပါ ပြည့်စုံတဲ့အတွက် သူ့ပတ်ဝန်းကျင်ကသူတွေအားလုံးရဲ့ အားကျခြင်းကို ခံနေရသူပါ...ဒါပေမဲ့ လက်တွေ့မှာတော့ ဒါအွန်ဟာ အကြွေးတွေပဲရှိတဲ့ မိဘတွေနဲ့ ညီမငယ်လေးကို တာဝန်ယူထားရတဲ့ သနားစရာကောင်လေးပဲဖြစ်ပါတယ်...အဲဒီလို ဒါအွန် ပင်ပန်းခက်ခဲချိန်တိုင်း မှီခိုခဲ့ရတဲ့သူကတော့ ရှင်းဂျယ်မင်း (Kim Ho-Young)ပါ... ဟိုယောင်းက ဒါအွန်အထက်တန်းကျောင်းတုန်းကလည်း အခမဲ့ ဂိုက်သင်ပေးဖူးပြီး ဒါအွန် တစ်ဖက်သတ် ကြိတ်သဘောကျနေရသူပဲ ဖြစ်ပါတယ်... လက်ရှိမှာတော့ ဒါအွန်ဟာ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရရှိထားပြီး အယ်ဘီဆောက်လုပ်ရေးမှာ အလုပ်ဝင်နေပြီဖြစ်ပါတယ်...ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဂျူဆောင်းဟျွန်း (Cha Sun-Hyung) နဲ့ အစက ပဋိပက္ခအနည်းငယ် ရှိခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ဆောင်းဟျွန်းက ဒါအွန်အပေါ် စိတ်ယိမ်းယိုင်စပြုလာပြီး သူ့ခံစားချက်တွေကို ဒါအွန်သိအောင် ဖွင့်ပြောဖို့ ကြိုးပမ်းလာပါတော့တယ်...တစ်ဖက်မှာလည်း ဒါအွန်ရဲ့ အသိအစ်ကိုတစ်ယောက်ဖြစ်တဲ့ ဂင်ဆူဟျွန်း (Cha Jung-Woo)က နိုင်ငံခြားပညာတော်သင်သွားရာမှ ပြန်ရောက်လာပြီး ဒါအွန်အနားကို ချဉ်းကပ်စပြုလာတဲ့အခါမှာတော့... သူတို့လေးဦးကြားက ရှုပ်ထွေးလွန်းလှတဲ့ လေးပွင့်ဆိုင်အချစ်တော်ပုံလေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုတော့ ဒရမ်မာလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြဖို့ ညွှန်းဆိုလိုက်ပါရစေ... ဇာတ်လမ်းအညွှန်းကို Hnin Wai မှ ရေးသားပေးထားပါတယ် Drama: Secret Relationships Genres: Psychological, Romance, Drama Country: South Korea Episodes: 8 Aired: Feb 27, 2025 - Mar 21, 2025 Aired On: Thursday, Friday Original Network: Watcha Duration: 30 min. Translated by CM Esther, Yati Naing, KYoun, Su Sandi, AThinn & Theint Encoded by Heather Oo
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း