ဇာတ်ကားများ ရွေးရန်

Hyper Knife

2025ဇာတ်လမ်းတွဲအမှတ် 10.0/10

Hyper Knife (2025) အပိုင်းသစ် (1 မှ 8) စ/ဆုံး Channel Myanmar ပရိသတ်ကြီးတို့ စောင့်မျှော်နေခဲ့ကြတဲ့ ဝူယောင်းဝူလေး ရဲ့ Thriller ဇာတ်လမ်းတွဲလေးကတော့ ဒီနေ့မှာပဲ ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ ဝူယောင်းဝူအဖြစ်နဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို လက်ခံရရှိထားတဲ့ မင်းသမီး Park Eun-Bin၊ မင်းသားကြီး Sul Kyung-Gu၊ Park Byung-Eun၊ Yoon Chan-Young စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ~ တစ်ချိန်က တော်တဲ့ဆရာဝန်ဖြစ်ခဲ့ပေမဲ့လည်း လက်ရှိမှာတော့ တရားမဝင်ခွဲစိတ်ခန်းမှာ လုပ်နေတဲ့ ဆရာဝန်တစ်ယောက်အဖြစ် ပြောင်းလဲနေထိုင်နေသူ Jung Se-Ok နဲ့ တစ်ချိန်က သူ့ရဲ့ အလေးစားရဆုံး ဆရာဖြစ်ပေမဲ့ သူ့ကို ခွဲစိတ်ခန်းထဲက နှင်ထုတ်ခဲ့ပြီး သူ့ဘဝကို ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့တဲ့ ဆရာဖြစ်သူ Choi Deok-Hee နဲ့ ပြန်လည်တွေ့ဆုံကြပြီး နောက်မှာတော့... ကိုယ့်ရဲ့ဘဝကို ဟိုးအောက်ခြေအထိ ထိုးကျသွားအောင် လုပ်ခဲ့တဲ့ ဆရာ့အပေါ် မကျေနပ်တဲ့စိတ်နဲ့ လက်စားချေရင်းကနေ တစ်ချိန်က လူအသက်ကို ကယ်ခဲ့တဲ့ ဆရာဝန်အဖြစ်ကနေ လူသတ်တဲ့ လူသတ်သမားတစ်ယောက် အဖြစ်ပြောင်းလဲလာတဲ့ အခါမှာတော့....... ဝူယောင်းဝူကို Psychopath တစ်ယောက်အဖြစ်နဲ့ ဘယ်လိုတွေ မြင်တွေ့ရမလဲဆိုတာကို CM ကနေ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired:  Mar 19, 2025 - Apr 9, 2025 Aired On: Wednesday Genres: Thriller, Crime, Drama, Medical Episodes: 8 Original Network: Disney+ Translated by  Hsu Pyae, Treasure Htet, Theint, May Thet & Phyo Encoded by Tiff

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း