ဇာတ်ကားများ ရွေးရန်

Dope Thief

2025ဇာတ်လမ်းတွဲအမှတ် 6.7/10

Season ( 1 ) အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Drama/Action အမျိုးအစား Mini-series လေးပဲဖြစ်ပါတယ် ဒီကားလေးဟာဆိုရင် Dope Thief ဆိုတဲ့ နာမည်အတိုင်းပဲ တရားမဝင်စိတ်ကြွမူးယစ်ဆေးများကို ခိုးယူကြမယ့်သူငယ်ချင်း နှစ်ယောက်အကြောင်းကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်..... နာမည်ကျော်ဒါရိုက်တာ Ridley Scott ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားတာဖြစ်လို့ သွက်သွက်လက်လက်နဲ့ ကြည့်ရှုလို့ ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်... Raymond နဲ့ Manny ဟာ သူငယ်ချင်းတွေဖြစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သူများကို မူးယစ်ရဲဟန်ဆောင်ကာ ဝင်ရောက် ဖမ်းဆီးတတ်ကြသူတွေဖြစ်ပါတယ်. မူးယစ်ရဲများနည်းတူ ပုံစံတကျဟန်ဆောင်ဖမ်းဆီးတတ်သူ နှစ်ယောက်ဟာ အောင်မြင်မှုများလည်းအကြိမ်ကြိမ်ရရှိကြပါတယ် လုပ်ငန်းအသေးလေးတွေကိုပဲ ပစ်မှတ်ထားသူနှစ်ယောက်ဟာ တစ်ရက်မှာတော့ ဖယ်ဒရယ်အေးဂျင့်များကိုယ်တိုင်အသွင်ယူ စုံစမ်းနေတဲ့ မူးယစ်ဆေးရောင်းဝယ်သူများထံ လိမ်လည်မိပြီးနောက် ၎င်းတို့နှစ်ယောက်ထံ ရေဒီယိုကနေတဆင့် ပဟေဠိဆန်တဲ့ လူတစ်ယောက်ရဲ့ အသံကိုကြားရပါတော့တယ်. ၎င်းတို့ရဲ့အသက်ကိုပါ ခြိမ်းခြောက်လာတဲ့ ထိုသူ့ကို ကြောက်ရွံ့ လျက်ရှောင်တိမ်းဖို့ဖြစ်လာတဲ့အခါမှာတော့… ဒီကားလေးဟာဆိုရင် တစ်ပတ်တစ်ပိုင်းထွက်မယ့် Mini-Series လေးဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲလေးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ ဖိအားများအောက် ပဋိပက္ခဖြစ်မှုများ ပဟေဠိဆန်တဲ့အသံပိုင်ရှင်ရဲ့ခြိမ်းခြောက်မှု မူးယစ်ဆေးလောကရဲ့ ရှုပ်ထွေးမှုတို့ကို တင်ဆက်ပြသထားလို့ ရုပ်ရှင်ချစ်ပရိသတ်များ မြည်းစမ်းကြည့်ရှုခံစားနိုင်ကြစေရန် ညွှန်းဆိုတင်ဆက်ပေးလိုက် ရပါတယ်ခင်ဗျာ........... File Size –( 637MB )  /( 397MB ) Quality –WEB-DL  1080p HEVC   / 720p Episodes -  8 Eps Duration -  49 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Drama , Crime Translator – Ye Thiha Htet Encoder –  Min Wai

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း