ဇာတ်ကားများ ရွေးရန်

PULSE

2025ဇာတ်လမ်းတွဲအမှတ် 7.4/10

Season 1 အပိုင်းသစ် ( ၁ မှ ၁၀ ) ထိ စ / ဆုံး Medical Series ကြိုက်နှစ်သက်သူတွေအတွက် The Boys series ထဲက A-train သရုပ်ဆောင် Jessie T. Usherလည်းပါဝင်ထားတဲ့ Pluse series ကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီစီးရီးကို Netflix ကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး အပိုင်း ၁၀ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ မိုင်ယာမီက မက်ဂွိုင်းယားဆေးရုံရဲ့ အရေး‌ပေါ် ထိခိုက်ဒဏ်ရာကုသရေးစင်တာက ဆရာဝန်တွေ အကြောင်း ရိုက်ကူးထားတာပါ။ အခြား Medical series တချို့လိုမျိုး ဆေးကုတာတွေချည်း တောက်လျှောက်ပြတာမျိုးမဟုတ်ဘဲ Netflix ထုံးစံအတိုင်း ဒရာမာအချိုးအကွေ့လေးတွေနဲ့ အဓိက ဇာတ်ဆောင် ဆရာဝန်တွေရဲ့ personal lifeတွေအကြောင်းပါ ထည့်သွင်း ရိုက်ကူးပြထားပါတယ်။ မိုင်ယာမီမှာ ဟာရီကိန်းမုန်တိုင်းဝင်တဲ့‌အချိန်ကနေ ဇာတ်လမ်းစဖွင့်ထားတာမလို့ အပိုင်း ၁ မှာကတည်းက လူနာတွေကို အခက်အခဲတွေကြားက အသက်ကယ်ကြ ပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီ"Pulse" စီးရီးဟာ Medical drama ဇာတ်လမ်းတွေကို နှစ်သက်တဲ့ သူတွေအတွက် လက်လွတ်မခံသင့်တဲ့ စီးရီး တစ်ခုဖြစ်ပြီး၊ ဆရာဝန်တွေရဲ့ အခက်အခဲတွေနဲ့ Medical လောကအကြောင်း တစေ့တစောင်း သိရှိခွင့်ရနိုင်မဲ့ စီးရီးကောင်းတစ်ခုပါပဲ။ File Size –734 MB  / 395 MB Quality –WEB-DL 1080p HEVC / 720p Episodes -  10 Eps Duration -  46 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Medical Drama Translator – Hazelle & Muse Encoder – Min Wai

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း