Chastity High
Chastity High (2024) အပိုင်း (၁ မှ ၈) စ/ဆုံး Netflix ကနေ ထွက်ရှိထားပြီး အပိုင်း၈ပိုင်းပါဝင်ထားတဲ့ ဂျပန်ကျောင်းသား အချစ်ဒရာမာ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ယခင်က ယောက်ျားလေးကျောင်း မိန်းကလေးကျောင်း သီးသန့်ခွဲထားရာကနေ ရုတ်တရက်ကြီး ကျောင်းနှစ်ကျောင်းပေါင်းစပ်လိုက်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်တဲ့အပြင် ယခုမှ ယောက်ျားလေး မိန်းကလေး ပေါင်းပြီး ကျောင်းတက်ရတာဖြစ်လို့ စိတ်လှုပ်ရှားရင်ခုန်စရာတွေ ပြည့်နေမယ်ဆိုပေမဲ့ ကျောင်းအုပ်ကြီးဟာ စည်းကမ်းချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။ အဲဒီ စည်းကမ်းချက်ကတော့ ကျောင်းသားတွေ ရည်းစားမထားရတာပဲဖြစ်ပါတယ်။ ကျောင်းအတွင်းမှာ တွဲသွားတွဲလာလုပ်တာမျိုး, ကျောင်းအပြင်မှာ နှစ်ယောက်တည်း တွဲတွေ့တာမျိုးဆိုရင် ဒီစည်းကမ်းချက်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး ဒီစည်းကမ်းကို ဖောက်ဖျက်တဲ့သူ ဘယ်သူမဆို ကျောင်းထုတ်ခံရမှာပဲဖြစ်ပါတယ်။ ဒီမှာပဲ ဒီကျောင်းရဲ့ ကျောင်းကောင်စီအဖွဲ့ဟာ ဒီစည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို စောင့်ကြည့်ဖို့ဖြစ်လာပါတော့တယ် ..... ။ ဒီလိုနဲ့ ဆင်းရဲတဲ့မိသားစုကလာပြီး ကျောင်းကောင်စီဝင် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့ အီချီကာတစ်ယောက် ဒီအချက်ကို အသုံးချပြီး ဝင်ငွေရဖို့ ဘယ်လိုရှာကြံမလဲ .. ကျောင်းအုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ မာကီဟာလည်း အရင်က တွေ့သမျှကောင်မလေးတိုင်းကို ဖွန်ကြောင်ခဲ့သူဖြစ်တော့ ဒီကျောင်းကိုရောက်လာချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ .. အီချီကာနဲ့ မာကီတို့နှစ်ယောက် ဆုံတွေ့မိကြရင်း သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာရော ဘယ်လိုဆက်ဖြစ်မလဲ.. စည်းကမ်းတွေကြားကနေ Gen-Z လေးတွေ ဘယ်လိုချိုးဖောက်ပြီး ရည်းစားထားကြမလဲ ဆိုတာကို မြင်တွေ့ရမဲ့ လူငယ် အချစ်ဒရာမာ စီးရီးလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်) Aired: Aug 29, 2024 Aired On: Thursday Original Network: Netflix Genres:Romance, Youth, Drama Translated by CharOu, Reddy, Mary Christ , M & KHHZ Encoded by AHtet
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း