ဇာတ်ကားများ ရွေးရန်

The Last Anniversary

2025ဇာတ်လမ်းတွဲအမှတ် 8.0/10

The Last Anniversary (2025) စ/ဆုံး IMDb Rating (7.2) / Rotten Tomatoes (86%) လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်တုန်းက အဲလစ်စ်နဲ့ဂျက်ခ်ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ဩစတေးလျနိုင်ငံကျွန်းတစ်ကျွန်းပေါ်မှာ သူတို့ငှားရမ်းနေထိုင်တဲ့ အိမ်လေးဆီကနေပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ဘာသတင်းအစအနမှထပ်မရတော့ပါဘူး။ ပိုပြီးထူးဆန်းတဲ့အချက်က သူတို့ရဲ့ မွေးကင်းစကလေးငယ်လေးကို ပုခက်ထဲမှာချန်ထားခဲ့တာပါပဲ။ အဲ့ဒီအမှုဟာ အဲ့ဒီခေတ်အခါက ဩစတေးလျနိုင်ငံရဲ့ဖြေရှင်းမရနိုင်တဲ့ ပဟေဠိအမှုတွေထဲမှာနံပါတ်တစ်ဖြစ်ခဲ့ပြီး ဒီခေတ် ဒီအချိန်ထိ စိတ်ဝင်စားသူတွေက သိအိုရီတွေအမျိုးမျိုး၊ကောက်ချက်တွေအမျိုးမျိုးထုတ်ခဲ့ကြပေမယ့် အဲ့ဒီဖြစ်ရပ်ရဲ့အဖြေဟာ အခုချိန်ထိပဟေဠိဖြစ်နေဆဲပါပဲ။ မျက်မှောက်ခေတ်ကာလမှာတော့ ဆိုဖီဆိုတဲ့ အလွတ်တန်းသတင်းထောက်ကောင်မလေးတစ်ယောက်ဆီကို သူ့ရည်းစားဟောင်းရဲ့အဘွားအဒေါ်က ကျွန်းကြီးပေါ်က သူ့အိမ်ကို အမွေပေးထားခဲ့တယ်ဆိုတဲ့သတင်းစကားကိုလက်ခံရရှိခဲ့ပါတယ်။ ဆိုဖီဟာ အဲ့ဒီလူနဲ့လမ်းခွဲခဲ့တာကြာပြီဖြစ်သလို အဲ့ဒီအဒေါ်အနေနဲ့လည်းသူ့ကိုအမွေပေးစရာအကြောင်းမရှိပါဘူး။ အစပိုင်းကငြင်းခဲ့ပေမယ့် အဘွားကြီးထားခဲ့တဲ့စာတစ်စောင်ကြောင့်စိတ်ဝင်စားသွားတဲ့ ဆိုဖီဟာ အဲ့ဒီအိမ်ကြီးရှိရာကျွန်းပေါ်ကိုအရောက်သွားဖို့ ဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီကျွန်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်က ဘေဘီမွန်နရိုပဟေဠိအမှုဖြစ်ပေါ်ခဲ့ရာ စခရစ်ဘီဂမ်ကျွန်းပဲဖြစ်ပြီး အဲ့ဒီကျွန်းပေါ်ကမိသားစုဝင်တွေအားလုံးဟာ လျှို့ဝှက်ချက်ကိုယ်စီရှိကြပါတယ်။ ဆိုဖီတစ်ယောက် ဒီအမှုကိုဖော်ထုတ်နိုင်မှာလား? သွေးသားရင်းချာတွေကိုကျော်ပြီး သူ့ကိုမှ အမွေလှမ်းပေးခဲ့တဲ့ အဘွားကြီးရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ? သူတို့အမွေကိုလုသွားတယ်လို့ထင်ချင်စရာဖြစ်တဲ့ အဘွားကြီးရဲ့မိသားစုဝင်တွေက သူ့အပေါ်ဘယ်လိုသဘောထားကြမလဲ? သိချင်စိတ်တွေနဲ့တစ်ပိုင်းပြီးတစ်ပိုင်းစိတ်ဝင်စားရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (800 MB) / (400 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery Duration…. 00:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း