ဇာတ်ကားများ ရွေးရန်

The Demon Hunter's Romance

2025ဇာတ်လမ်းတွဲ

ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့... မင်းသား Ren Jia Lun က ရွှမ်ယဲ့ အဖြစ်နဲ့သရုပ်ဆောင်ထားပြီး မင်းသမီး Song Zu Er က ပန်းရှ အဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ကွမ်းဖျင်လို့ခေါ်တဲ့ သာယာစည်ပင်ဝပြောတဲ့မြို့လေးမှာ လူသားတွေနဲ့ မိစ္ဆာတွေ အတူတကွ ယှဉ်တွဲနေထိုင်နေကြပြီး မိစ္ဆာတွေဟာ လူသားတွေရဲ့ပုံစံကို အတုယူပြီး ရုပ်ဖျက် ပုန်းကွယ်နေထိုင်ရာမှာ ကျွမ်းကျင်ကြပါတယ် ချမ်းသာတဲ့မိသားစုက သမီးတစ်ယောက်ဖြစ်တဲ့ ပန်းရှမှာ ထူးဆန်းတဲ့ မျက်လုံးတစ်စုံ ရှိပြီး သူမဟာ မရှိတဲ့အရိပ်တွေကို မကြာခဏ မြင်တတ်လို့ ဘယ်လောက်ပဲ သိမ်မွေ့ကောင်းမွန်စွာ ပြုမူနေပါစေ လူတွေက သူ့ကို "အရူး" လို့ တိတ်တိတ်လေး ခေါ်နေခဲ့တယ် တစ်နေ့မှာတော့ ပန်းရှရဲ့ ဝမ်းကွဲတစ်ယောက်ရဲ့ မရီးယောင်းမဖြစ်သူတစ်ယောက်က မိစ္ဆာတစ်ကောင် ဖြစ်နေတာကို ဖော်ထုတ်မိပြီး လိုက်ဖမ်းခံရပြီး သူမဟာ မိစ္ဆာဖမ်းသူ ရွှမ်ယဲ့နဲ့ တွေ့ဆုံခဲ့ပါတော့တယ် ပန်းရှရဲ့မျက်လုံးတွေကို ရွှမ်ယဲ့ပေးလိုက်တဲ့ နူးညံ့တဲ့အနမ်းတွေဟာ သူမကို လူသားနဲ့မိစ္ဆာတို့ အတူယှဉ်တွဲနေထိုင်နေတဲ့ လောကကြီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ကွမ်းဖျင်မြို့က ထူးဆန်းတဲ့အဖြစ်အပျက်တွေကို အတူတူ စုံစမ်းရင်းနှစ်ယောက်ရဲ့ ဆက်ဆံရေး နီးစပ်လာခဲ့ပါတော့တယ် ဒါပေမယ့်...ရွှမ်ယဲ့ဟာ မိစ္ဆာဖမ်းသူ တစ်ယောက်ဖြစ်နိုင်သလို၊ သူကိုယ်တိုင်လည်း မိစ္ဆာတစ်ကောင် ဖြစ်နေနိုင်တယ် ဆိုတာကို တဖြည်းဖြည်း သိလာတဲ့အခါ... သူသယ်ဆောင်လာတဲ့ လျှို့ဝှက်ချက်တွေကြောင့် ပန်းရှနဲ့ ရွှမ်ယဲ့တို့ဟာ အကြိမ်ကြိမ် ဝေးကွာခဲ့ရပါတယ်။ ဒီလိုနဲ့...အဆုံးသတ်မှာ သူတို့ နှစ်ယောက် တကယ်ပဲ ဝေးကွာသွားမလား? ရွှမ်ယဲ့ရဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်... Quality : WEB-DL 1080p, 720p Total Episodes : 36 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Khin Myat Noe Oo Encoded by LK

အပိုင်းများ

36 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 36 အပိုင်း

ဇာတ်လမ်းအကြောင်း