Jane
Jane (2023-2025) Season 01 / 02 / 03 (complete) ဒီစီးရီးလေးက Apple TV + မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Adventure/Education TV show တစ်ခုပါ။ Season 1 မှာ အပိုင်းဆယ်ပိုင်းပါဝင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေးအပြင် ဟာသနဲ့ မိသားစုဒရာမာတွေကိုပါ ထည့်သွင်းတင်ဆက်ထားပါတယ်။ ဂျိန်းဂါစီယာ ဆိုတဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်လမ်းတွေ၊ မြေကမ္ဘာရဲ့ အံ့ဖွယ်အကြောင်းအရာတွေ၊ သက်ရှိသတ္တဝါတွေအကြောင်း စူးစမ်းလေ့လာကြတာတွေကို အပိုင်းတစ်ခုချင်းစီအလိုက် မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ တင်ဆက်ထားတာပါ။ အထူးသဖြင့် မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်များနေတဲ့ မျိုးစိတ်တွေကို အပိုင်းတစ်ခုချင်းစီ အသားပေးတင်ပြထားတာကို တွေ့နိုင်မှာပါ။ ကလေးသူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ဦးတည်ထားတယ်ဆိုပေမဲ့ လက်တွေ့အပြင်လောကမှာ အရေးတကြီးလိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးတွေ၊ အသိအမြင်နိုးကြားမှုတွေ၊ အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အသိပညာလိုလားသူ လူကြီးလူငယ်တွေပါ ကြည့်ရှုဖို့ အဆင်ပြေပါလိမ့်မယ်။ ပညာပေးသက်သက် မဟုတ်ဘဲ Family/Drama elements တွေလည်း ပါဝင်တဲ့ ဖျော်ဖြေရေး show လို့လည်း ဆိုနိုင်ပါတယ်။ စိတ်ကူးယဥ် ဖန်တက်စီ၊ မိသားစု၊ ပညာရေး၊ သိပ္ပံပညာ စသဖြင့် မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို အချိူးညီညီ ပေါင်းစပ်ထားတဲ့ TV show လေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size… (1.3 GB) / (600 MB) / (300 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Family Duration…. 00:25:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Wolfenheim
အပိုင်းများ
20 အပိုင်း၊ season 3 seasonဇာတ်လမ်းအကြောင်း