ဇာတ်ကားများ ရွေးရန်

The Haunted Palace

2025ဇာတ်လမ်းတွဲအမှတ် 8.7/10

The Haunted Palace (2025) အပိုင်း (၁ မှ ၁၆) စ/ဆုံး  Poster စထွက်လာကတည်းက စိတ်ဝင်စားမှုတွေကို ရရှိထားပြီးတော့ အကြာကြီးနေမှ ကေဒရာမာချစ်သူတွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတဲ့ Rom-com , Fantasy အမျိုးအစားဖြစ်တဲ့ နန်းတွင်းကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးထဲမှာတော့ BTOB ရဲ့အဖွဲ့ဝင် Yook Sung-Jae, 25-21 ကားထဲမှ ဂိုယူရင် အဖြစ်လူသိများထားတဲ့ WJSN အဖွဲ့ဝင် အလှလေး Bona နဲ့ Flower of Evil မှ မင်းသားကြီး Kim Ji-Hoon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာကြောင့် Cast နဲ့တင် ပစ်ရက်စရာမရှိတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ .. ဖြစ်ရပ်တစ်ခုကြောင့် ဂန်ချောလ်လို့ အမည်ရတဲ့ .. ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့ ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။ Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း အမွေဆက်ခံထားရသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကို ငြင်းဆန်ပြီး အေးအေးချမ်းချမ်းနဲ့ မျက်မှန်ပြုလုပ်သူအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့ နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။ တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင် Lee Sung(Kim Ji-Hoon)… နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ... Yoon Gab ရဲ့ ခန္ဓာကိုယ်နဲ့ အီမူဂီသတ္တဝါ ၊ ဝိညာဉ်ရေးရာတွေမှာ ပါရမီပါတဲ့ Yeo-Ri .. သန်မာဖြောင့်မတ်တဲ့ ဘုရင် Lee Sung တို့ဟာ ဘယ်လိုတွေ ပူးပေါင်းပြီးတော့ လျှို့ဝှက်ချက်တွေကို အဖြေရှာသွားကြမလဲ .. ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြမလဲဆိုတာကို .. အရိုတစ်လှည့် ၊ ဟာသတစ်လှည့်ရောကာ ဇာတ်ကွက်ဆန်းဆန်းလေးတွေနဲ့ ရိုက်ကူးတင်ပြထားတဲ့ နန်းတွင်းကားကောင်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: Apr 18, 2025 - Jun 7, 2025 Aired On: Friday, Saturday Original Network: SBS Genres: Historical, Comedy, Romance, Fantasy Translated by Nyein Sandi, Hazelle, Yati Naing, Hsu, Miri, M & Phyu Phyu Thein Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း