ဇာတ်ကားများ ရွေးရန်

The Rana Daggubati Show

2024ဇာတ်လမ်းတွဲအမှတ် 10.0/10

The Rana Daggubati Show (2024) ရိုက်ကွင်းနောက်ကွယ်က ဘဝမျိုးစုံ IMDb 6.7/10 ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ‌တွေကြောင့် ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အိုင်ဒေါမင်းသား မင်းသမီးတွေ အဆိုတော်နဲ့ ပိုမိုထိတွေ့ရင်းနှီးလာကြပါတယ်။ အနုပညာရှင်တွေဆိုတာလည်း သာမန်လူတွေပါပဲ။ သူတို့မှာလည်း စိတ်ခံစားချက်တွေ နေ့စဉ်ဘဝလှုပ်ရှားမှုတွေရှိနေတာပါ။ ဒါပေမဲ့လည်း သူတို့တွေဟာ နာမည်ကြီးတွေဖြစ်လာပြီဆိုတာ‌နဲ့ သာမန်လူတွေလို မနေထိုင်နိုင်တော့ပါဘူး။ အဲဒီလိုပဲ သူတို့အလုပ်အကိုင်ကလည်း ဆန်းကြယ်ရှုပ်ထွေးမှုလေးတွေ ရှိနေပါတယ်။ ဒီစီးရီးလေးမှာတော့ ရာနာဒတ်ဂူဘာတီက သူ့သူငယ်ချင်း မင်းသား မင်းသမီးတွေကို ဖိတ်ခေါ်လို့ ရှိုးတစ်ခုရိုက်ကူးတာပါ။ ရာနာဒတ်ဂူဘာတီဆိုတာ နာမည်ကျော် တလေဂူးမင်းသားတစ်ယောက်။ ပွဲဦးထွက်ရုပ်ရှင် Leader (2010)နဲ့ အကောင်းဆုံးမျက်နှာသစ်အမျိုးသားသရုပ်ဆောင်ဆုရခဲ့ပြီး နာမည်ကျော်ဘာဟုဘာလီလိုရုပ်ရှင်တွေမှာလည်း အဓိကဇာတ်ကောင်နေရာက ပါဝင်ခဲ့သူ။ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဧည့်သည်တော်တွေကလည်း အိန္ဒိယတောင်ပိုင်းအနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ပြီး လတ်တလော ပရိသတ်အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကြီးတွေ ထွက်ရှိထားကြသူတွေ။ ရိုက်ကွင်းနောက်ကွယ်က သူတို့ဘဝ၊ စိတ်နေစိတ်ထားနဲ့ ပြုမူလှုပ်ရှားမှုလေးတွေကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ပြသထားပါတယ်။ ပရိသတ်တွေအနေနဲ့ သူတို့အိုင်ဒေါတွေအကြောင်းကို သိချင်ကြစမြဲမို့ အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ ဒီရှိုးကစကားပြောကြမှာလား၊ ဂိမ်း ဆော့ကြမှာလား၊ အစစ်အမှန်ရိုက်ကူးထားတာလား၊ ဟာသလား စိတ်ကူးယဉ်ဆန်လား၊ မဆန်ဘူးလားဆိုတာ ကိုယ့်ဘာသာကြည့်ပြီး သူ့ကိုပြန်ပြောပါလို့ ရာနာဒတ်ဂူဘာတီကိုယ်တိုင် ပြောထားတာမို့ အဖြေရှာကြည့်ကြရအောင်ပါ။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File Size –900MB (Appx;)@Episode Quality – 1080p WEB DL Duration – 30minute (@Episode) Total Episodes: 8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Talk Translator – CM Bollywood Team Encoder – YK

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း