Sword of the Demon Hunter: Kijin Gentosho
Sword of the Demon Hunter: Kijin Gentosho (2025) IMDB – 7.6/10, MyAnimeList – 7.6/10 “ခေတ်အဆက်ဆက် နှစ်ပေါင်း ၁၇၀ ကြာ ဖြတ်သန်းခဲ့သော မကောင်းဆိုးဝါး နှိမ်နှင်းသူ၏ စွန့်စားခန်းရှည်” ခုလက်ရှိထုတ်လွှင့်နေတဲ့အထဲ တော်တော်ကို Dark & Grim ဖြစ်ပြီး ဟာသဆိုလည်း မပါသလောက်ကို နည်းတယ် နောက်ပြီး ဒိုင်ယာလော့ခ် ဇာတ်ညွန်းတွေမိုက်တယ် ရုပ်ထွက်လည်း ဖိုင်းတယ် ဓားသိုင်း ပါဝါ အက်ရှင်တွေပါတယ် ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ။ ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားတယ်။ ဇာတ်လမ်းအကျဉ်း ပြောပြရမယ်ဆို မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ဆိုတဲ့ကလေးမလေးရယ် အစ်ကိုဖြစ်သူ Jinta ရယ် အိမ်ကနေထွက်ပြေးလာတော့ လမ်းမှာ လူကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တယ်။ သူနေတဲ့ Kadono ရွာကို ခေါ်သွားပြီး မိသားစုအဖြစ် ပျိုးထောင်ပေးခဲ့တာပေါ့။ သူ့မှာလည်း Shirayuki ဆိုတဲ့ သမီးအရင်းလေးတစ်ယောက်ရှိသေးတယ်။ ဒီလိုနဲ့ ကြီးပြင်းလာတော့ကျ သမီးဖြစ်တဲ့ Shirayuki က တောင်ပေါ်နတ်ကွန်းမှာ နတ်ဆရာမ Miko အဖြစ်နေရတယ်။ Jinta ကကျ သူ့ကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ ကင်းစောင့်သမားလေး။ မကောင်းဆိုးဝါးမျက်လုံးနဲ့ Suzune ကျ အသက်အရွယ်ကြီးမလာပဲ ဒီပုံစံလေးအတိုင်းပဲပေါ့။ အဲဒီမှာ အားလုံး အေးအေးချမ်းချမ်း ရှိနေကြတဲ့အချိန် မကောင်းဆိုးဝါး မိစ္ဆာနှစ်ကောင်ရောက်ရှိလာပြီး ငြိမ်သက်သာယာနေတဲ့ဘဝလေးကို ဝင်ရောက်ဖျက်ဆီးလိုက်တဲ့အချိန်ကစပြီး Jinta တစ်ယောက် ရွာမှာအထွတ်အမြတ်ထားတဲ့ Yarai ဆိုတဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးဓားနဲ့ နှစ်ပေါင်း ၁၇၀ ကျော် စွန့်စားခန်းရှည် ထွက်ဖို့ ဖြစ်လာခဲ့တော့တယ်…။ အခုထက်ထိ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင် အချိတ်အဆက်ကောင်းကောင်းနဲ့ ရင်ထဲရောက်အောင် လုပ်ပေးနေတဲ့ စီးရီးကောင်းလေးဖြစ်လို့ ပရိသတ်တွေကိုလည်း အလားတူ ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
အပိုင်းများ
17 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း