ဇာတ်ကားများ ရွေးရန်

The Responder

2022ဇာတ်လမ်းတွဲအမှတ် 7.0/10

The Responder (2022) ” ခင်ဗျားအ​မေကြီး​ရော ဘယ်လို​နေလဲ” “​သေမယ့်​ရက်ကို ထိုင်​စောင့်​နေတယ်” ဒါက​ ရဲသားကြီးခရစ်ကာဆင် တဖြစ်လဲ Martin Freeman ​ပြောတဲ့ ဒိုင်ယာ​လော့တစ်​ကြောင်းပါ၊ ပတ္တ​ရောင်ရဲသားဖြစ်တဲ့ ခရစ်ဟာ ညကင်းလှည့်ရင်းCommand centre က လွှတ်တဲ့ ​ကေ့စ်မှန်သမျှကို သွား​​ရောက်​ဖြေရှင်း​ပေးရတဲ့ Responder တစ်​ယောက်ပါ၊ညဘက်ဆိုတဲ့အတိုင်း ​ကေ့စ်​တွေကလည်း အိမ်နီးချင်း​တွေ ရန်ဖြစ်တာအစယာဉ်မ​တော်တဆမှုအလယ် လုယက်ဓါးပြမှုနဲ့ လူသတ်မှုအဆုံး အကုန်ပါတာ​ပေါ့ဒီလို​ကေ့စ်မျိုးစုံကို ညတိုင်းအိပ်​ရေးပျက်ခံ စိတ်ပင်ပန်းခံပြီး ဖြေရှင်း​ပေးရတဲ့ခရစ်တစ်​ယောက်ကြာလာ​တော့ သူ့ရဲ့စိတ်မှာ ထိ​ခိုက်လာတယ် ဒဏ်ဖြစ်လာတယ်စိတ်ပညာရှင်နဲ့ ​ဆွေး​နွေးရတဲ့အ​ခြေအ​​နေဖြစ်လာတယ်၊ အရင်ကသိပ်သ​ဘော​ကောင်း၊ လုပ်​ဖော်ကိုင်ဖက်​တွေနဲ့ သိပ်အဆင်​ပြေခဲ့တဲ့ ခရစ်ဟာအခုဆို လူ​သေမှုအခင်း​နေရာမှာ ​သေသူစားခဲ့တဲ့ ဝက်​ပေါင်​ခြောက်ကိုထိုင်စား​နေတဲ့အထိ ​သွေး​​အေး​ပြောင်းလဲသွားပါတယ် အဲလိုနဲ့ပဲ ​ကေစီဆိုတဲ့ ဂျစ်ပစီမ​လေးနဲ့ ဆုံခဲ့တာ​ပေါ့၊သူကလည်း နှယ်နှယ်ရရမဟုတ်ဘဲ Drug dealer​ခေါင်း​ဆောင်ဆီက ကိုကိန်း တစ်အိတ်လုံး ဖြောင်လာတဲ့သူ​ပေါ့၊အဲဒီ​ခေါင်း​ဆောင် ကြိုးကိုင်တာ ခံထားရတဲ့ ခရစ်တစ်​ယောက် ​ကေစီကိုလိုက်ဖမ်း​ပေးရင်း ​​သူသာ ဖမ်းပို​ပေးလိုက်ရင် ​ကေစီအသတ်ခံရမယ်ဆို​တာသိ​တော့နဂိုစိတ်ရင်း​ကောင်းသူပီပီ မိမိပြီးချင်းပဲ ပြန်လွှတ်​ပေးခဲ့ပါတယ်၊ လွှတ်​ပေးပြီး နောက်ပိုင်းကစပြီး ​မူးယစ်ဂိုဏ်းရဲ့ရန်ကို​ရှောင်ရင်းခရစ်အ​နေနဲ့ သူ့ရဲ့စိတ်အ​ခြေအ​နေနဲ့ပါ တဖန်ပြန်ပြီး ရင်ဆိုင်ရပါ​ တော့တယ်…. ဒီစီးရီးဟာ BBCက ထုတ်တဲ့ Limited Seriesဖြစ်ပြီး IMDb 7.7ရရှိထားပါတယ်၊total episodeအ​နေနဲ့ ၅ပိုင်းပါဝင်ပြီး Police procedural genreပဲ ဖြစ်ပါတယ်၊မ​တွေ့ရတာကြာတဲ့ ​ကျွန်​တော်တိုရဲ့ ​ဒေါက်တာဝက်ဆင်ကြီး Martin Freemanကို စိတ်ပုံမှန်မဟုတ်တဲ့ ရဲသားကြီးခရစ်ကာဆင်အ​နေနဲ့ ​တွေ့ရမှာဖြစ်ပြီးIan Haartနဲ့ MyAnna Buringတိုလိုနာမည်​ကျော်​တွေ ပါဝင်ထားပါတယ်၊Police seriesဖြစ်တဲ့အပြင် British ကားဖြစ်တာ​ကြောင့် စကားအသုံးအနှုန်းကြမ်းပါတယ်၊weedတို Cokeတို​ဖော​ဖောသီသီပါပါမယ်၊ဒါ​ပေမဲ့ Drama ပိုင်းဆိုရင် စိတ်ချရတဲ့ Martin​ကြောင့်ဒီရှိးဟာ​ သူ့ဖန်​တွေအတွက်​​တော့ စိတ်ပျက်​စေမှာမဟုတ်တာ ​သေချာပါတယ် အညွှန်းကတော့ JimX ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ JimX, Poe, Laii, Richard, Roman NoX တိုပဲ ဖြစ်ကြပါတယ်။ Genre…..Crime, Drama, Thriller Quality….WEB-DL 1080p File size…700MB Format…mp4 Duration….40min Episodes….5 Episodes Subtitle….Myanmar Subtitle (Hardsub) Translator ….. JimX, Poe, Laii, Richard, Roman NoX Encoder ….. August

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း