ဇာတ်ကားများ ရွေးရန်

The Narrow Road to the Deep North

2025ဇာတ်လမ်းတွဲအမှတ် 9.7/10

The Narrow Road to The Deep North ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဆေးဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ရင်း ဂျပန်စစ်တပ်ရဲ့ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဩစတြေးလျလူမျိူး ဒိုရီဂိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝပေါ်အခြေခံထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်ဝန်းကျင်က ဂျပန်စစ်တပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက်ဖောက်လုပ်ခဲ့တဲ့ ထိုင်း-မြန်မာရထားလမ်းဟာ Death Railway လို့လဲနာမည်တွင်ခဲ့တဲ့ထိရက်စက်ကြမ်းကြုတ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေ မနှစ်မြို့ဖွယ်ပုံရိပ်တွေနဲ့ပြည့်နှက်နေခဲ့တာပါ။ အဲ့ဒီနေရာကိုမှပို့ဆောင်ခြင်းခံခဲ့ရတဲ့ ဒိုရီဂိုတို့အဖွဲ့ဟာ အဆာရေစာချို့တဲ့မှု မတန်တဆခိုင်းစေမှုတွေနဲ့ တောတွင်းမိုးရာသီရဲ့ခက်ခဲကြမ်းတမ်းတဲ့ရာသီဥတုဒါဏ်တွေကို မနိုင်မနင်းရင်ဆိုင်ကြရပါတော့တယ်။ သူတို့လူငယ်လေးတွေဟာ အနာဂတ်အိမ်မက်ကိုယ်စီကိုထမ်းပိုးထားကြရင်း တစ်ချိန်တော့လွတ်မြောက်မှာပါဆိုတဲ့မျှော်လင့်ချက်ကိုယ်စီနဲ့ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းနေကြတဲ့ပုံရိပ်တွေကို ရင်သပ်ရှူမောဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပွဲနဲ့အတူအဆုံးသတ်ခဲ့ရတဲ့ လှပတဲ့ချစ်ပုံပြင်လေးတွေများစွာထဲကမှ ဒိုရီဂိုတစ်ယောက်ရဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုပါ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ စစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှု အနိဠာရုံမြင်ကွင်းတွေနဲ့အတူ လူသားတွေရဲ့စိတ်ကူးယဉ်ဆန်မှုနဲ့ရက်စက်ကြမ်းကြုတ်မှု ချစ်ခြင်းမေတ္တာနဲ့ ဖောက်ပြားလှည့်စားမှု ငွေကြေးနဲ့ပျော်ရွှင်မှု အသက်ရှင်ကျန်ခဲ့သူတစ်ယောက်ရဲ့ကံကောင်းခြင်းနဲ့ စိတ်ဒဏ်ရာ စတာတွေကို လှလှပပဖော်ကြူးပြသထားတဲ့ IMDb rating 7.1 ရထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(593 MB )/(269 MB) Quality….HEVC 1080p / 720p Format…mp4 Duration….01:10:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း