ဇာတ်ကားများ ရွေးရန်

The Prisoner of Beauty

2025ဇာတ်လမ်းတွဲ4K

ကဲ~ဒီတစ်ခါမှာတော့ ရဲရဲတောက်အလံနီကြီးတွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူလေးတွေအတွက် ostတို့ရဲ့ပဲ့ကိုင်ရှင် Liu Yu Ning နဲ့ မင်းသမီးချောလေး Song Zu'erတို့ရဲ့ costume drama အသစ်ဖြစ်တဲ့ "The prisoner of beauty"ကို ချန်နယ်မြန်မာကဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်။ ဇာတ်လမ်းအညွှန်း ××××××××××× အမုန်းတရားတွေနဲ့စတင်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် နူးညံ့သိမ်မွေ့ပြီးပန်းတစ်ပွင့်လိုလှပတဲ့ ချောင်အိမ်တော်ရဲ့သခင်မလေး "ချောင်မန်"ကိုမှသိမ်းပိုက်ခဲ့တဲ့ ကလဲ့စားချေလိုစိတ်တွေပြင်းထန်နေတဲ့ရက်စက်လှတဲ့ "ဝေ့ရှောက်" ဝေ့အိမ်‌ေတာ်သခင်ဖြစ်တဲ့ "ဝေ့ရှောက်"ဟာတစ်ချိန်က ဖခင်နဲ့အစ်ကိုဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အပြင် မျိုးနွယ်တစ်စုလုံးသတ်ဖြတ်ခံရပြီးသွေးချောင်းစီးခဲ့ရတယ်။အရာအားလုံးကိုဆုံးရှုံးခဲ့ရတယ်။ အမုန်းတရားတွေကိုရင်ဝယ်ပိုက်ပြီးရှင်သန်နေတဲ့"ဝေ့ရှောက်"အတွက် ဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွှယ်နေတယ်လို့ယူဆရတဲ့ ချောင်အိမ်တော်ဟာပစ်မှတ်တစ်ခုဖြစ်လာခဲ့တယ်။ ဝေ့ရှောက်နဲ့ အတင်းစေခိုင်းလက်ထပ်ခဲ့ရတဲ့ ချောင်အိမ်တော်ရဲ့သခင်မချောင်အိမ်တော်ရဲ့ သခင်မလေးချောင်မန့်ကတော့ ဒီအမုန်းတရားတွေအတွက်နယ်ရုပ်တစ်ခုသာသာ... ဒီလိုနဲ့အမုန်းတရားကနေအချစ်ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုပေါက်ဖွားလာမလဲ အလှလေးကိုသိမ်းပိုက်ပြီးအကျဉ်းသားလိုဆက်ဆံ‌ခဲ့ပေမဲ့ ကိုယ်တိုင်ကအလှတရားရဲ့အကျဉ်းသားဖြစ်သွားခဲ့ရသလား... ရက်စက်ခက်ထန်လှပါတဲ့ဆိုတဲ့ ဝေ့ရှောက်ကိုမှ ဘယ်အရာတွေကပြောင်းလဲစေခဲ့တာလဲ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သတ်ပြီးအမှန်တရားကိုရောဖော်ထုတ်နိုင်မှာလားဆိုတာ... ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင် မင်းသားနဲ့မင်းသမီးဟာလည်းသိပ်ကိုတွဲဖက်ညီပြီးဇာတ်ကောင်ကိုအသက်ဝင်စွာ သရုပ်ဖော်ထားတာမလို့ အတူလိုက်ပါစီးမျောလိုက်ရအောင်လားရှင် Quality : WEB-DL 4K HEVC , 1080p, 720p Total Episodes : 36 Format : mp4 , mkv Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hanni Honey Encoded by LK

အပိုင်းများ

36 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 36 အပိုင်း

ဇာတ်လမ်းအကြောင်း