ဇာတ်ကားများ ရွေးရန်

How to Cheat Death

2025ဇာတ်လမ်းတွဲအမှတ် 9.7/10

How to Cheat Death (2025) စ/ဆုံး နက်ဖလစ်ထုတ် ဖိလစ်ပိုင် မီနီစီးရီးစ်အသစ်လေးပါ။  လာရာနဲ့ မီဂယ်တို့ဟာ မတူညီတဲ့အသိုင်းအဝိုင်း၊ မတူညီတဲ့ဘ၀တွေ၊ လမ်းကြောင်းတွေဆီကလူငယ်နှစ်ဦးဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆို ဘယ်လိုမှနီးစပ်နိုင်စရာ ဆုံတွေ့နိုင်စရာမရှိတဲ့ သူတို့နှစ်ယောက်ဘ၀တွေဟာ  တစ်နေ့မှာတော့ထူးဆန်းစွာဆုံဆည်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ မိုးသည်းထန်တဲ့ညတစ်ညမှာ နှစ်ဦးလုံး ပြိုင်တူမိုးကြိုးပစ်ခံလိုက်ရပြီး ဆေးရုံတစ်ခုတည်းကို ရောက်သွားခဲ့ကြတာပါပဲ။ ဆေးရုံရှေ့မှာ မတော်တဆဝင်တိုက်မိရင်း လူချင်းမခွာခင် သူတို့မျက်စိရှေ့က လူတစ်ယောက်ကို ကားတိုက်မိလုဆဲဆဲမြင်ကွင်းကိုမြင်မိတဲ့အတွက်ပြိုင်တူကယ်တင်လိုက်နိုင်ရာကနေ  လူတွေရဲ့သေဆုံးမှုတွေကို မဖြစ်ခင် ကြိုတင်မြင်နိုင်နေတာ သူတို့ကိုယ်သူတို့သတိထားမိသွားပါတော့တယ်။ အဲ့ဒီအစွမ်းကိုအသုံးချပြီး လူတွေကိုကယ်တင်ရင်းကနေ အချင်းချင်းသံယောဇဉ်တွယ်လာသလို၊  သေဆုံးဖို့ကံပါလာတဲ့ လူတွေကို မသိလိုက်ပဲကယ်တင်မိနေတဲ့လုပ်ရပ်တွေကြောင့် တစ်ဖက်က သဘာ၀တရားကြီးရဲ့အစီအစဉ်ကိုဝင်စွက်သလိုဖြစ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကလည်း သူတို့နောက်ကိုထပ်ချပ်လိုက်လာတော့မှာဖြစ်ပါတယ်။  ဒါတွေကို ဆယ်ကျော်သက်လူငယ်လေးတွေပဲရှိသေးတဲ့ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ရှုစားကြည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (500 MB) / (200 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 00:30:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by  Alias

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း