ဇာတ်ကားများ ရွေးရန်

The Witch and the Beast

2024ဇာတ်လမ်းတွဲအမှတ် 7.9/10

The Witch and the Beast (2024) IMDB – 7/10, MyAnimeList – 7.4/10 သွေးထွက်သံယိုတွေနဲ့အတူတူ Gore ဆန်ဆန် ရှယ်ဖြုတ်မယ့် မှော် Anime စီးရီးကောင်းတစ်ခု လာပြီဗျာ။ ခေါင်းတလားကြီးကို လွယ်လွယ်ထားပြီး အေးစက်စက်နဲ့ သွေးအေးအေး စီမံလုပ်ကိုင်တတ်တဲ့ မှော်ဆရာ Ashaf နဲ့အတူ သူနဲ့ဆန့်ကျင်ဖက်ဆိုရမယ့် ဘေးနားကနေ အမြဲတမ်း ပေါက်ပေါက်ဖောက် သွေးဆူလွယ် “စုန်းမ” ဆိုတဲ့အသံကြားတာနဲ့ ဝုန်းဒိုင်းကျဲချင်နေတဲ့ ထူးဆန်းတဲ့ကောင်မလေး Guideau တို့ နှစ်ယောက်က Order ဆိုတဲ့ လျှို့ဝှက်မှော်အတတ်ပညာ အဖွဲ့အစည်းအောက်က ဖြစ်ပြီး ကမ္ဘာတစ်လွှား မှော်အတတ်ဆိုင်ရာ ထူးဆန်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းနေတဲ့ ပါတနာတွေပါ။ ဒါပေမဲ့လည်း Guideau က စုန်းမတွေဆို သေအောင်မုန်းပြီး စုန်းမတွေကိုပဲ လိုက်ရှာသတ်ချင်နေတဲ့လူ၊ အဲဒါကို Ashaf က သူ့ကို သူလိုချင်တာလိုချင်ရင် ငါတို့နဲ့အတူတူ ပူးပေါင်းပါ ဖြစ်စေရမယ်ဆိုပြီး မနည်းကိုင်တွယ်ပြီး လိုရာပန်းတိုင်ကို ခရီးဆက်နေကြတာ။ ဒီတော့ Guideau က ဘာလို့ စုန်းမတွေကို လိုက်ရှာပြီး သတ်ချင်နေတာလဲ၊ သူ့ရဲ့ ထူးဆန်းတဲ့ပါဝါကရော ဘာတွေလဲ၊ Ashaf နဲ့အတူတူ ဘယ်လိုစွန့်စားခန်းထွက်ပြီး ဘယ်လိုတွေ အပီဖြုတ်ကြမလဲ ဇာတ်လမ်းဇာတ်အိမ် မိုက်မိုက်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်လို့ မလွတ်တမ်း ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ မှော်စီးရီး ဖြစ်တဲ့အလျောက် မှော်ဂါထာမန္တာန်စာအုပ်တွေအကြောင်း တားမြစ်ခံ လက်နက်တွေအကြောင်း သေသူကို အသက်ပြန်သွင်းတဲ့ Necromancy တွေအကြောင်း စသဖြင့် တခြားလျှို့ဝှက်နက်နဲတဲ့ အကြောင်းတွေကိုလည်း စိတ်ဝင်တစား ကြည့်ရှုရဦးမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…   350 MB Quality… WEB-DL 1080p Format… mp4 Audio... AAC Duration…. 23m Genre ..... Animation, Action, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Thura Aung

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း