ဇာတ်ကားများ ရွေးရန်

Tempted

2018ဇာတ်လမ်းတွဲအမှတ် 7.8/10

Tempted (2018) အပိုင်း (၁ မှ ၁၆ အထိ) စ/ဆုံး ၂၀၁၈ ခုနှစ်က ထွက်ရှိထားခဲ့ပြီးတော့ Woo Do Hwan, Red Velvet ရဲ့ Joy, Moon Ga Young, Kim Min Jae စတဲ့ တကယ့်ထိတ်ထိတ်ကြဲ cast တွေ အပြိုင် ကြဲထားတဲ့ melodrama ကားကောင်း ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ JK လုပ်ငန်းစုရဲ့အမွေဆက်ခံသူ “ဂွမ်ရှီဟျွန်း”,ကျောင်းသားသမဂ္ဂခေါင်းဆောင် “ချွဲဆူဂျီ”နဲ့ ဥစ္စာပေါရုပ်ချောလူပွေလေး “အီဆယ်ဂျူ” တို့က ငယ်ငယ်လေးတည်းက ပြောမနာဆိုမနာ ပေါင်းလာကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြတဲ့အပြင် ချမ်းသာတဲ့မိဘတွေကနေ ပေါက်ဖွားလာကြပေမဲ့ မိသားစုနဲ့ မပြေလည်တာချင်းပါ တူနေကြတဲ့ ဘဝတူသူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ တစ်ဦးတည်းသောမိန်းကလေးသူငယ်ချင်းဖြစ်တဲ့ ချွဲဆူဂျီစလိုက်တဲ့ ဇာတ်လမ်းတစ်ခုကနေ သူတို့သုံးယောက်ကြားကို “အွန်းထယ်ဟီး” ဆိုတဲ့ကောင်မလေး ရောက်လာပါတော့တယ်။ ထူးချွန်ထက်မြက်တဲ့ကျောင်းသူတစ်ယောက်ဖြစ်တဲ့အပြင် မိဘတွေရဲ့အိမ်ထောင်ရေးကြောင့် အချစ်ကိုလည်း အယုံအကြည်မရှိ အနေလည်းတည်တဲ့ အွန်းထယ်ဟီးနားကို ဂွမ်ရှီဟျွန်း ရောက်သွားတဲ့အခါမှာ ..။ သူငယ်ချင်းသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်ကြား ဘယ်လိုလေးပွင့်ဆိုင် ပဋိပက္ခတွေဖြစ်လာမလဲ .. “အချစ်” ဆိုတဲ့အရာက သူတို့လေးယောက်ကို ဘယ်လိုပြောင်းလဲသွားစေမှာလဲ စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ CM မှာ ရှုစားနိုင်ပါပြီနော်။ (အညွှန်းကို Lai Laii မှ ရေးသားပေးထားပါတယ်) Episodes: 16 Aired: Mar 12, 2018 - May 1, 2018 Aired On: Monday, Tuesday Original Network: MBC Genres: Romance, Youth, Drama, Melodrama Translated by Lai Laii, Milk, Hnin Wai Oo, Nyein Sandi, M & Htoo Pyae   Encoded by AHtet

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း