ဇာတ်ကားများ ရွေးရန်

Nine Puzzles

2025ဇာတ်လမ်းတွဲအမှတ် 8.5/10

Nine Puzzles (2025) အပိုင်း (၁ မှ ၁၁ ထိ) စ/ဆုံး အားလုံး စောင့်မျှော်ကြည့်ရှုဖို့ အားခဲထားကြတဲ့ ဇာတ်လမ်းတွဲလေးဟာ နောက်ဆုံးတော့ ထွက်ရှိလို့ လာခဲ့ပါပြီ။ Heavenly even after ,A killer paradox စသဖြင့် နာမည်ကြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Son Suk-Ku နဲ့ Itaewon class, Our beloved summer စသဖြင့် ရိုက်တဲ့ကားတိုင်းမှာ ကြည့်ရှုသူတွေရဲ့ အချစ်တွေကို သိမ်းယူလာခဲ့တဲ့ မင်းသမီး Kim Dami တို့က အဓိက Cast တွေအနေနဲ့ ပါဝင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း တစ်ညမှာ Yi Na(Kim Dami) ရဲ့ အဖေနဲ့မခြားနားတဲ့ ဦးလေး၊ အမေဖြစ်သူနဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒီလူသတ်မှုကို မျက်မြင်သက်သေတွေ့ခဲ့ရတဲ့သူဟာ Yi Na တစ်ဦးတည်းပဲ ဖြစ်ခဲ့တာကြောင့် အဲဒီအမှုကို စစ်ဆေးရတဲ့ စုံစမ်းစစ်ဆေးရေးမှူး Han-Saem(Son Suk-Ku) ဟာ Yi Na ကို လူသတ်သမားအဖြစ် သံသယရှိနေခဲ့ပါတယ်။  နောက်ဆယ်နှစ်အကြာမှာတော့... Yi Na ဟာ ဆိုးလ်မြို့အကြမ်းဖက်မှုခင်းအဖွဲ့မှာ ၆ နှစ်ကြာ သက်တမ်းရှိတဲ့ ရာဇဝတ်မှုဖော်ထုတ်သူ ဖြစ်လာခဲ့ပါတယ်။ အမှုတစ်ခုမှာ အများဆုံး သူမကပဲ ပထမဦးဆုံးဖော်ထုတ်နိုင်လောက်တဲ့ထိလည်း ထက်မြတ်တဲ့သူတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူမကို လူသတ်သမားအဖြစ် သံသယဝင်နေခဲ့တဲ့ စုံထောက် Han-Saem နဲ့ တွေ့ဆုံကာ အတူတူ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပြီး အမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ... Han-Saem ရဲ့ သံသယတွေကရော သူမအပေါ် ကင်းရှင်းသွားပါ့မလား... တကယ့်လူသတ်သမားကရော ဘယ်သူလဲဆိုတာကို... Puzzle ကိုးခုနဲ့အတူ လိုက်လံရှာဖွေရင်း လျှို့ဝှက်နက်နဲပြီး ပိပိရိရိ ဖုံးဖိထားကြတဲ့ ရာဇဝတ်မှုတွေနဲ့ ပက်သက်ပြီး ဆက်စပ်ဖော်ထုတ်သွားကြပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် မလွတ်စတမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်) Episodes: 11 Aired: May 21, 2025 - Jun 4, 2025 Aired On: Wednesday Original Network: Disney+ Genres: Thriller, Mystery, Crime Drama Translated by Toe Toe Aung, Miri, Yati Naing, Lai Laii, Theint, M & Hazelle  Encoded by AHtet

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း